အောင်မြင်နေတဲ့ Huawei honor seriesက Honor V9 အသစ်ထုတ်မည်လို့ ကြေညာထားပါတယ်။ မျက်နှာပြင်ကတော့ ၅.၂လက်မရှိပြီး 2.5D မှန်ကွေး display ပါရှိပါတယ်။ ပရော်ဆက်ဆာကတော့ Octa-Core Kirin 960 Soc ကိုအသုံးပြုထားပြီး EMUI 5ပါတဲ့ android 7.0 မှာ runလိုရပါတယ်။အနောက်ကင်မရာက လေဆာ auto focus ပါတဲ့ dual 12Mpကိုသုံးထားပီး အလင်းရောင်နည်းတဲ့အချိန်မှာ ပုံထွက်ကောင်းဖို့အတွက် 1.7 micron pixelကိုလည်း သုံးထားပါသေးတယ်။
 


နောက်ကျောဘက်မှာ လက်ဗွေစနစ် ပါရှိမှာဖြစ်ပီး ညာဘက်ခြမ်းမှာတော့ အသံခလုတ်နဲ့ power ခလုတ်ပါရှိမှာ ဖြစ်ပါတယ်။Honor V9ဟာ metal နဲ့ပြုလုပ်ထားပြီး ဖုန်းbody ဟာ ၆.၉၇ မီလီမီတာ ရှိတာကြောင့် ပါးလွှာပါတယ်။ fast charging အတွက် 4000 mAhဘက်ထရီကို အသုံးပြုထားပါတယ်။
Honor V9 ရဲ့သတ်မှတ်ချက်များ
  • (2560×1440 pixels)ပါတဲ့ ၅.၇လက် မျက်နှာပြင် ၊ 2.5D မှန်ကွေးပါတဲ့ display။
  • Processor = Octa-Core Huawei Kirin 960 with Mail G71 Octa-Core GPU။
  • 4 or 6 GB RAM, 64 or 128 GB storage, micro sd cardပါသုံးနိုင်တဲ့ 128Gb
  • Dual tone LED flash, Laser Af, f/2.2 aperture ပါတဲ့ 12Mp အနောက်ကင်မရာ။
  • f/2.0 apertureပါတဲ့ 8PM အရှေ့ကင်မရာ။
  • အနောက်ဘက်မှာပါရှိတဲ့ လက်ဗွေစနစ်။
  • Dimensions = 157×77.5×6.97mm
  • Weight = 184g
  • 4G volte, wi-fi a/b/g/n/ac(2.4GHz and 5GHz), Bluetooth 4.2, GPS, NFC, USE 2.0, Type-C
  • Fast chargingသွင်းလို့ရတဲ့ 4000mAh ဘက်ထရီ။

အရောင်တွေကတော့ Midnight black, Flame red, Platinum Gold , Aurora blue ဆိုပီး ၄ရောင်ထွက်ရှိမှာဖြစ်ပါတယ်။ 4GB Ramနဲ့ 64Gb storage အတွက်ဈေးကတော့ 2999 yuan ဖြစ်ပြီး 6Gb Ram, 64GB storage နဲ့ 6Gb Ram, 128Gb storageအတွက်ကတော့ 3499yuan ဘဲဖြစ်ပါတယ်။ Honor V9ကို အခု တရုတ်ပြည်မှာ order မှာလို့ရနေပြီဖြစ်ပြီး ယခုလ ၂၈ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။

Comments