Snapdragon 670, Onscreen Fingerprint နဲ႔ Gorilla Glass 6 ပါဝင္တဲ့ OPPO R17

တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ အခမ္းအနားတစ္ခုမွာ OPPO က လူအမ်ား ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ R17 mid-range flagship ကို R17 Pro နဲ႔အတူ ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။
OPPO R17 မွာ ၆.၄ လက္မ water drop display ပါဝင္ပါတယ္။ အဲ့ဒီ display ရဲ႕ ratio က ၉၁.၅ ရာခိုင္ႏႈန္း ျဖစ္ၿပီး Gorilla Glass 6 နဲ႔ ကာကြယ္ထားပါတယ္။ Display ရဲ႕ ထိပ္ဘက္မွာ selfie ကင္မရာ ထည့္သြင္းထားတဲ့ ေရစက္ပံုစံ notch တစ္ခု ပါဝင္ပါတယ္။
အနားေလးခုစလံုးရဲ႕ bezel အားလံုးက ေသးငယ္ပါတယ္။ ေက်ာဘက္ဒီဇိုင္းက gradient ဒီဇိုင္းျဖစ္ၿပီး Streamer Blue, Neon Violet နဲ႔ Foggy gradient အပါအဝင္ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။
OPPO R17 မွာ Qualcomm Snapdragon 670 chipset ကို အသံုးျပဳထားပါတယ္။ အဲ့ဒီ SD 670 chipset ဟာ 10nm chipset တစ္ခုျဖစ္ၿပီး Qualcomm က ဒီလအေစာပိုင္းမွာ မိတ္ဆက္ေၾကညာခဲ့ပါတယ္။ Kryo 360 core ရွစ္ခုပါဝင္ၿပီး clocked speed က 2.0GHz ျဖစ္ပါတယ္။ GPU က Adreno 615 ျဖစ္ပါတယ္။ RAM ကို 6GB နဲ႔ 8GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ သိုေလွာင္မႈပမာဏက 128GB ျဖစ္ပါတယ္။ Android 8.1 Oreo အေျခခံ ColorOS 5.2 ကို အသံုးျပဳထားၿပီး ဘက္ထရီက 3,500mAh ျဖစ္ပါတယ္။ ဘက္ထရီမွာ အားသြင္းျမန္ဆန္တဲ့ VOOC fast charging ကို ေထာက္ပံ့ေပးထားပါတယ္။
ဖုန္းရဲ႕display မွာ light-sensitive fingerprint နည္းပညာသစ္ကို အသံုးျပဳထားပါတယ္။ Screen ေပၚက sensitive area ေပၚမွာ မွတ္ပံုတင္ထားတဲ့ လက္ေဗြကို တင္လိုက္တယ္ဆိုရင္ ဖုန္းကို စကၠန္႔ပိုင္းအတြင္း unlock လုပ္ေပးမွာျဖစ္ပါတယ္။ အဲ့ဒီ fingerprint နည္းပညာဟာ WeChat payment နဲ႔ Alipay payment ေတြကိုလည္း ေထာက္ပံ့ေပးႏိုင္ပါတယ္။
ကင္မရာပိုင္းအေနနဲ႔ အေရွ႕ဘက္မွာ 25MP ကင္မရာ ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္ခုက 21MP + 8 MP ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာမွာ artificial intelligence ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။
ေစ်းႏႈန္းကေတာ့ 6GB/128GB အတြက္က ၄၆၅ ေဒၚလာျဖစ္ပါတယ္။ 8GB/128GB အတြက္က ၅၀၈ ေဒၚလာ ျဖစ္ပါတယ္။ Fog light gradient အေရာင္ကိုေတာ့ 8GB + 128GB နဲ႔ရရိွႏိုင္ၿပီး ၅၂၃ ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။
{Unicode}
Snapdragon 670, Onscreen Fingerprint နဲ့ Gorilla Glass 6 ပါဝင်တဲ့ OPPO R17
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ OPPO က လူအများ မျှော်လင့်စောင့်စားနေကြတဲ့ R17 mid-range flagship ကို R17 Pro နဲ့အတူ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။
OPPO R17 မှာ ၆.၄ လက်မ water drop display ပါဝင်ပါတယ်။ အဲ့ဒီ display ရဲ့ ratio က ၉၁.၅ ရာခိုင်နှုန်း ဖြစ်ပြီး Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ Display ရဲ့ ထိပ်ဘက်မှာ selfie ကင်မရာ ထည့်သွင်းထားတဲ့ ရေစက်ပုံစံ notch တစ်ခု ပါဝင်ပါတယ်။
အနားလေးခုစလုံးရဲ့ bezel အားလုံးက သေးငယ်ပါတယ်။ ကျောဘက်ဒီဇိုင်းက gradient ဒီဇိုင်းဖြစ်ပြီး Streamer Blue, Neon Violet နဲ့ Foggy gradient အပါအဝင် အရောင်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။
OPPO R17 မှာ Qualcomm Snapdragon 670 chipset ကို အသုံးပြုထားပါတယ်။ အဲ့ဒီ SD 670 chipset ဟာ 10nm chipset တစ်ခုဖြစ်ပြီး Qualcomm က ဒီလအစောပိုင်းမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ Kryo 360 core ရှစ်ခုပါဝင်ပြီး clocked speed က 2.0GHz ဖြစ်ပါတယ်။ GPU က Adreno 615 ဖြစ်ပါတယ်။ RAM ကို 6GB နဲ့ 8GB ဆိုပြီး ရရှိနိုင်ပါတယ်။ သိုလှောင်မှုပမာဏက 128GB ဖြစ်ပါတယ်။ Android 8.1 Oreo အခြေခံ ColorOS 5.2 ကို အသုံးပြုထားပြီး ဘက်ထရီက 3,500mAh ဖြစ်ပါတယ်။ ဘက်ထရီမှာ အားသွင်းမြန်ဆန်တဲ့ VOOC fast charging ကို ထောက်ပံ့ပေးထားပါတယ်။
ဖုန်းရဲ့display မှာ light-sensitive fingerprint နည်းပညာသစ်ကို အသုံးပြုထားပါတယ်။ Screen ပေါ်က sensitive area ပေါ်မှာ မှတ်ပုံတင်ထားတဲ့ လက်ဗွေကို တင်လိုက်တယ်ဆိုရင် ဖုန်းကို စက္ကန့်ပိုင်းအတွင်း unlock လုပ်ပေးမှာဖြစ်ပါတယ်။ အဲ့ဒီ fingerprint နည်းပညာဟာ WeChat payment နဲ့ Alipay payment တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ အရှေ့ဘက်မှာ 25MP ကင်မရာ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာနှစ်ခုက 21MP + 8 MP ဖြစ်ပါတယ်။ ကျောဘက်ကင်မရာမှာ artificial intelligence ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
စျေးနှုန်းကတော့ 6GB/128GB အတွက်က ၄၆၅ ဒေါ်လာဖြစ်ပါတယ်။ 8GB/128GB အတွက်က ၅၀၈ ဒေါ်လာ ဖြစ်ပါတယ်။ Fog light gradient အရောင်ကိုတော့ 8GB + 128GB နဲ့ရရှိနိုင်ပြီး ၅၂၃ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Comments