၅.၂ လက်မ 1080p screen ပါဝင်တဲ့ HTC U Play


HTC U Ultra နဲ့အတူ HTC U Play ဟန်းဆက်သစ်ကို HTC က မိတ်ဆက်ပေးခဲ့ပါတယ်။
HTC U Play မှာ ၅.၂ လက်မ 1080p screen ပါဝင်ပြီး HTC Sense Companion ကို ထောက်ပံ့ပေးထားပါတယ်။ အဆိုပါ AI assistant ကို Always-on active microphone လေးလုံးနဲ့ သုံးနိုင်တာကြောင့် ဖုန်းကိုအသံနဲ့ unlock လုပ်ခြင်း၊ ဘက်ထရီသုံးစွဲမှုစီမံခန့်ခွဲခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
၃.၅ မီလီမီတာ နားကြပ်ပေါက် မပါဝင်ပေမယ့် USonic နည်းပညာကြောင့် သုံးစွဲသူရဲ့ နားစည်နဲ့ ကိုက်ညီမယ့် အသံအရည်အသွေးကို ချိန်ညှိပြီး နားဆင်နိုင်မယ်လို့ HTC က ပြောကြားခဲ့ပါတယ်။
HTC U Play မှာ Mediatek Helio P10 chipset ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 2,500mAh ပါ။
ဒီစမတ်ဖုန်းကို ဗားရှင်းနှစ်မျိုးနဲ့ရရှိပါတယ်။ တစ်မျိုးက 32GB storage နဲ့ 3GB RAM ဖြစ်ပြီး ကျန်တစ်မျိုးက 64GB နဲ့ 4GB RAM ဖြစ်ပါတယ်။ စမတ်ဖုန်းမှာပါဝင်တဲ့ ကင်မရာနှစ်ခုက 16MP resolution BSI sensor များဖြစ်ပြီး f/2.0 aperture နဲ့ ရိုက်ကူးနိုင်ပါတယ်။ ပင်မကင်မရာမှာ OIS အထောက်အပံ့ ပါဝင်ပါတယ်။
Android Marshmallow 6.0 နဲ့သုံးနိုင်မယ့် U Play ရဲ့ တန်ဖိုးနဲ့ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Comments