1080p screen နဲ့ Kirin 655 ပါဝင်တဲ့ P8 Lite (2017) ကို Huawei မိတ်ဆက်


တရုတ်စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ Huawei က နောက်ဆုံးပေါ် စမတ်ဖုန်းအဖြစ် Huawei P8 Lite (2017) ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစမတ်ဖုန်းကို မကြာမီမှာ ဥရောပဈေးကွက် အချို့ထံ ဖြန့်ချိသွားမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
P8 Lite (2017) မှာ 1080p resolution နဲ့ဖော်ပြပေးနိုင်တဲ့ ၅.၂ လက်မ IPS display ပါဝင်ပါတယ်။ ဒီဇိုင်းက P8, P9 စီးရီးတို့နဲ့ မတူဘဲ Honor ဟန်းဆက်အချို့နဲ့ ဆင်တူပါတယ်။
P8 Lite သစ်မှာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် mid-range Kirion 655 chip နဲ့အတူ octa-core A53 processor, Mali-T830MP2 GPU တို့ကို အသုံးပြုထားပါတယ်။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 16GB ဖြစ်ပါတယ်။
ပင်မကင်မရာက 12MP ဖြစ်ပြီး f/2.0 aperture နဲ့ ရိုက်နိုင်ပါတယ်။ Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ ဘက်ထရီက P9 Lite နဲ့တူညီပြီး non-removable 3,000mAh ဖြစ်ပါတယ်။
P8 Lite (2017) ကို Android 7.0 Nougat နဲ့သုံးနိုင်ပါတယ်။ ဒီစမတ်ဖုန်းကို ဇန်နဝါရီလကုန်ပိုင်းမှာ ဥရောပဈေးကွက်အချို့ထံ ဖြန့်ချိသွားမှာဖြစ်ပြီး တန်ဖိုးက ယူရို ၂၃၉ ဖြစ်ပါတယ်။

Comments