2-in-1 convertible အပါအဝင် Chromebook သစ် သုံးမျိုးကို Dell မိတ်ဆက်ကြေညာ

ပညာရေးဈေးကွက်အတွက် Acer နဲ့ ASUS က convertible Chromebook နှစ်မျိုးဖြန့်ချိဖို့ စီစဉ်နေတယ်လို့ Google က ကြေညာခဲ့တဲ့နောက် Dell က 2-in-1 convertible အပါအဝင် Chromebook သစ် သုံးမျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။
Dell Chromebook 11 Convertible မှာ ဆဋ္ဌမမျိုးဆက် Intel Celeron ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ Acer နဲ့ Asus ထုတ်ကုန်တွေနဲ့ မတူတာက Dell ရဲ့ 2-in-1 Chromebook မှာ stylus တစ်ခု မပါဝင်တာပါ။ ဒါ့အပြင် display ကို tablet mode အဖြစ် ပြောင်းလဲတဲ့အခါမှာ “world facing” ကင်မရာတစ်ခု မပါဝင်ပါဘူး။ ဒီလုပ်ဆောင်ချက်တွေကို လိုချင်ရင်တော့ Latitude 11 Convertible လို့ခေါ်တဲ့ Windows 10 version Chromebook ကို သုံးနိုင်ပါတယ်။ Chromebook 11 Convertible ကို ဖေဖော်ဝါရီ ၇ ရက်မှာ ၃၄၉ ဒေါ်လာနဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ Windows 10 အသုံးပြုထားတဲ့ Latitude 11 Convertible ကိုတော့ ၅၇၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာ Dell က အခြား Chromebook သစ်နှစ်မျိုးကိုလည်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Chromebook 11 မှာတော့ စားပွဲပေါ်မှာ ၁၈၀ ဒီဂရီ ဖြန့်ထားနိုင်တဲ့ display တစ်ခုပါဝင်ပြီး တန်ဖိုးက ၂၁၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ့် Chromebook 13 မှာတော့ ပုံမှန် notebook display ကို အသုံးပြုထားပါတယ်။ ဒီ Chromebook သုံးမျိုးစလုံးမှာ အလုံပိတ်ထားတဲ့ ကီးဘုတ်တွေနဲ့ touchpad တွေ ပါဝင်တာကြောင့် ကလေးတွေ သောက်သုံးတဲ့အရာ တစ်ခုခု ဖိတ်ကျတဲ့အခါ ခံနိုင်ရည်ရှိစေမယ်လို့ သိရပါတယ်။

Comments