ကုန်ပစ္စည်းအတုများ တိုက်ဖျက်ရန် နာမည်ကျော် ကုန်အမှတ်တံဆိပ်များနဲ့ ပူးပေါင်းလိုက်တဲ့ Alibaba


ကုန်ပစ္စည်းအတုများ ရောင်းချမှုအတွက် ပထမဆုံး တရားစွဲဆိုမှု ပြုလုပ်ခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ကုန်ပစ္စည်း အတုရောင်းချမှုများကို တိုက်ဖျက်ရန်အတွက် ကမ္ဘာတစ်ဝန်းက ကုန်အမှတ်တံဆိပ် ၂၀ နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Alibaba က ကြေညာခဲ့ပါတယ်။
‘Alibaba Big Data Anti-Counterfeiting Alliance’ လို့ခေါ်တဲ့ သဘောတူညီမှုမှာ Louis Vuitton, Samsung နဲ့ Mars တို့လို နာမည်ကြီး အမှတ်တံဆိပ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် နာရီတွေ ထုတ်လုပ်တဲ့ Swarovski လည်း ပါဝင်ပါတယ်။
အဆိုပါ ပူးပေါင်းအဖွဲ့ဟာ ကုန်ပစ္စည်းအတုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Alibaba နဲ့ နာမည်ကျော် အမှတ်တံဆိပ်တွေအကြား ဝေမျှသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိစနစ်ဟာ e-commerce ဆိုက်တွေက ၁၀ သန်းကျော်ရှိတဲ့ စာရင်းတွေကို နေ့စဉ် စစ်ဆေးပေးနေပြီး ကုန်ပစ္စည်းအတုစာရင်း သန်း ၃၈၀ ခန့် ဖယ်ရှားပေးခဲ့သလို ရောင်းချသူ ၁၈၀,၀၀၀ ခန့်ကိုလည်း ရပ်ဆိုင်းနိုင်ခဲ့တယ်လို့ Alibaba က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းအတု ပြုလုပ်သူ ရာပေါင်းများစွာကိုလည်း Alibaba က တရားစွဲဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments