Android Wear 2.0 ကို ဖေဖော်ဝါရီ ၉ ရက်တွင် ဖြန့်ချိဖွယ်ရှိ


Google ရဲ့ စမတ်နာရီ operating system ဗားရှင်းသစ်ကို ဖေဖော်ဝါရီ ၉ ရက်မှာ ဖြန့်ချိမယ်လို့ နာမည်ကျော် leaker တစ်ဦးဖြစ်တဲ့ Evan Blass ရဲ့အဆိုအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက မိတ်ဆက်ကြေညာခဲ့တဲ့ Android Wear 2.0 မှာ user interface ကို မွမ်းမံပြင်ဆင်ထားသလို on-watch app store နဲ့ built-in keyboard တို့ကို ထည့်သွင်းပေးထား ပါတယ်။ ဒါ့အပြင် မိုဘိုင်း ငွေပေးချေ စနစ်ဖြစ်တဲ့ Android Pay နဲ့ Google ရဲ့ intelligent voice assistant ဖြစ်တဲ့ Google Assistant တို့အတွက် အထောက်အပံ့တွေလည်း ပါဝင်လာပါတယ်။
ဒါပေမဲ့ Android Wear နာရီတိုင်းက ဗားရှင်းသစ်ကို အဆင့်မြှင့်တင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အရင်က အတည်ပြု ပြောကြားထားတဲ့ Android Wear 2.0 ကို အဆင့်မမြှင့်နိုင်မယ့် ထုတ်ကုန်စာရင်းမှာ မူရင်း Moto 360 နဲ့ LG G Watch တို့ ပါဝင်ပါတယ်။
Android Wear 2.0 update ကို LG စမတ်နာရီသစ် နှစ်မျိုးဖြစ်တဲ့ LG Sport, LG Watch Style တို့နဲ့အတူ ဖြန့်ချိသွားမယ်လို့ Evan Blass က ပြောကြားခဲ့ပါတယ်။ စမတ်နာရီ နှစ်မျိုးစလုံးမှာ စက်ဝိုင်းပုံ OLED display တွေပါဝင်ပြီး 4GB internal storage နဲ့ Apple Watch ပုံစံ digital crown တစ်ခုပါဝင်မယ်လို့ သိရပါတယ်။
Sport က ပိုမိုအဆင့်မြင့်တဲ့ မော်ဒယ်ဖြစ်ပြီး resolution မြင့်မားတဲ့ screen, ပမာဏပိုမိုတဲ့ RAM နဲ့ အရွယ်ပိုကြီးတဲ့ ဘက်ထရီတို့ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် LTE ချိတ်ဆက်မှု၊ ငွေပေးချေ စနစ်အတွက် NFC အပြင် GPS နဲ့ optical heart-rate sensor တို့လည်း ပါဝင်မယ်လို့ သိရှိရပါတယ်။
Specs အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
  • LG Sport specs:
  • Android Wear 2.0
  • 14.2-millimeters thick
  • 1.38-inch 480x480-pixel display
  • 4GB of stroage
  • 768MB of RAM
  • 430mAh battery
  • Optical heart-rate sensor
  • LTE, GPS, NFC, Wi-Fi, Bluetooth
  • IP 68 rated
LG Watch Style specs:
  • Android Wear 2.0
  • 10.8-millimeter thick
  • 1.2-inch 360x360-pixel display
  • 4GB of storage
  • 512MB of RAM
  • 240mAh battery
  • Wi-Fi, Bluetooth
  • IP67 rated

Comments