Baidu ၏ ‘Little Fish’ အိမ်သုံးစက်ရုပ်


Amazon နှင့် Google သည် နေအိမ်သုံး voice assistant ထုတ်ကုန်များ ဖန်တီးရန် အပြိုင်အဆိုင် ယှဉ်ပြိုင်နေလျက် ရှိကြသည်။ ယခုအခါ Baidu သည် AiNemo နှင့်ပူးပေါင်း၍ မိသားစုစက်ရုပ် Xiaoyu Zaijia (Little Fish) ကို တည်ဆောက်ထားသည်။ အဆိုပါ စက်ရုပ်သည် မျက်နှာပြင်ကြီး၊ ကင်မရာ၊ ထုတ်ကုန်များနှင့်အတူ Amaon ၏ Alexa စွမ်းရည်အတိုင်း အသုံးပြုနိုင်သည်။ Baidu အနေဖြင့် Little Fish ကိုတရုတ်နိုင်ငံ အတွက်သာ ဖြန့်ချိရောင်းချ သွားမည်။
၎င်းစက်ရုပ်သည် ဗီဒီယိုဖုန်း ခေါ်ဆိုမှုများ၊ အချိန်သတ်မှတ်မှုများနှင့် ကလေးငယ်များကို ဖြေဖျော်မှု ပေးနိုင်သည်။ ထို့အပြင် သုံးစွဲသူက အသံဖြင့် အသားငါး၊ အစားအသောက်နှင့် ဆေးဝါးများကို မှာယူနိုင်သည်။ စက်ရုပ်မှာ သုံးစွဲသူ၏ မျက်နှာကို မှတ်သားပေးနိုင်သောကြောင့် ကလေးများ၏ လှည့်စားမှုကို ရှောင်လွှဲနိုင်သည်။
Little Fish စက်ရုပ်ကို ဖုန်းဖြင့်ခေါ်ဆိုမှု ပြုလုပ်ကာ အဝေးမှ ကင်မရာကို ထိန်းချုပ်နိုင်ပြီး သူခိုးများ ရန်မှာကာကွယ်နိုင်သည်။ Baidu ၏ Little Fish တွင်ကုမ္ပဏီ ကိုယ်ပိုင် DuerOS သုံးစွဲထားသည်။ အဆိုပါ OS ကို KFC ရှိစားပွဲထိုးစက်ရုပ်၊ တီဗီ OS နှင့် ဖုန်း assistant app အဖြစ် Baidu က အသုံးပြုထားသည်။
Little Fish စက်ရုပ်ကို မတ်လတွင် တရုတ်နိုင်ငံ၌ ဒေါ်လာ ၃၀၀ နှင့်ညီမျှသော နှုန်းထားဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Comments