ကျောဘက် ကင်မရာနှစ်ခု ပါဝင်တဲ့ Blade V8 Pro ကို ZTE စတင်ရောင်းချ


CES 2017 မှာ မိတ်ဆက်ပြသခဲ့တဲ့ Blade V8 Pro ကို ZTE က ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ unlocked ဈေး ၂၉၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချ လိုက်ပါတယ်။
Blade V8 Pro မှာ 13MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး ၅.၅ လက်မ 1080p display နဲ့ အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာက octa-core Qualcomm Snapdragon 625 ဖြစ်ပြီး 3GB RAM နဲ့ 32GB on-board storage နဲ့ သုံးနိုင်ပါတယ်။ MicroSD card slot ပါဝင်တဲ့အတွက်ကြောင့် သိုလှောင်မှု ပမာဏကို 128GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 3,140mAh ဖြစ်ပြီး Quick Charge 2.0 နဲ့ dual SIM အထောက်အပံ့တို့ ပါဝင်ပါတယ်။ ဖုန်းရဲ့ home ခလုတ်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားပါတယ်။

Comments