ဂရပ်ဖင်းနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့အပေါ့ဆုံး စက်နာရီ


ဂရပ်ဖင်းနဲ့ ပြုလုပ်ထားတဲ့ အလွန်ပေါ့ပါးတဲ့ စက်နာရီတစ်မျိုးကို အင်ဂျင်နီယာတွေက ဖန်တီးခဲ့ပါတယ်။
မန်ချက်စတာ တက္ကသိုလ်၊ Richard Mille နဲ့ McLaren F1 တို့ ပူးပေါင်း ဖန်တီးထားတဲ့ အဆိုပါနာရီကို ဇန်နဝါရီ ၁၆ ရက်က ဂျနီဗာမှာ ပွဲထုတ်ပြသခဲ့ပါတယ်။ ဒီနာရီရဲ့ အလေးချိန်က ၄၀ ဂရမ်ဖြစ်ပြီး အလွန်အကြမ်းခံနိုင်တယ်လို့ အင်ဂျင်နီယာတွေက ပြောကြားခဲ့ပါတယ်။
RM 50-03 လို့ခေါ်ဆိုတဲ့ ကမ္ဘာ့အပေါ့ဆုံး စက်နာရီကို Graph TPT လို့လူသိများတဲ့ ဂရပ်ဖင်းကို အသုံးပြုပြီး တည်ဆောက်ထားတာကြောင့် စတီးလ်ထက် ၆ ဆ ပိုမိုပေါ့ပါးပြီး အဆ ၂၀၀ အကြမ်းခံတယ်လို့ သိရပါတယ်။ RM 50-03 နာရီရဲ့ လက်ပတ်ကြိုးကိုလည်း ဂရပ်ဖင်းနဲ့ ပြုလုပ်ထားပါတယ်။
Richard Mille RM 50-03 ကို အရေအတွက် ၇၅ ခုသာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Comments