ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာ ဘာသာရပ်သင်တန်းများ ဖွင့်မည်


လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်စီးပွားရေးတက္ကသိုလ်) တွင် Certificate in Advanced Business Studies (CABS) နှင့် Certificate in Business Studies (CBS) ၃ လသင်တန်းများကို ဖေဖော်ဝါရီလ ၁ ရက် တွင် စတင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
CABS သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ သို့မဟုတ် CBS သင်တန်းအောင်မြင်သူများ၊ CBS သင်တန်းအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်သည်။
လျှောက်လွှာများကို ဇန်န၀ါရီလ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာနှင့်အတူ ဓာတ်ပုံ ၃ ပုံ၊ ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ်မူရင်း၊ မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူ တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်) ဖုန်း - ၅၃၆၄၃၆၊ ၅၂၆၆၁၃ သို့ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Comments