မြန်မာနိုင်ငံရှိ ဘွဲ့ရ အမျိုးသမီးတွေ လျှောက်ထားနိုင်တဲ့ အမေရိကန်နိုင်ငံမှ ပညာသင်ဆု


အမေရိကန်နိုင်ငံ Claremont Graduate University ရဲ့ ၂၀၁၇ ပညာသင်နှစ်အတွက် MBA (Studying Supply Chain & Logistics) ပရိုဂရမ် အတွက်ပညာသင်ဆုကို မြန်မာနိုင်ငံက အမျိုးသမီးများလျှောက် ထားနိုင်ပါတယ်။
ကျောင်းလခရဲ့ ၆၀ ရာခိုင်နှုန်းကို ပညာသင်ဆုအနေနဲ့ထောက်ပံ့ပေး မှာဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ The Toyota Women of Achievement Scholars Program ကနေ Fall 2017 ခုနှစ်တွင် MBA တက်ရောက်မည့် အမျိုးသမီးတွေအတွက်ဖြစ်ပါတယ်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပံ့ပိုးပေးပါမှာ။ 
တစ်နှစ်လျှင် ပျမ်း မျှ ကျောင်းလခကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၅၄၁၀ ကျသင့်မှာဖြစ်တဲ့အတွက် Tuition Fee ရဲ့ ၆၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ပညာသင်ဆုအနေနဲ့ အမျိုးသမီး ကျောင်းသူ ၁၀ ဦးကိုချီးမြှင့်ပေးသွားမှာပါ။
TOEFL Above 100 iBT or IELTS - Above 7.5၊ တက္ကသိုလ်တခုခုမှ ထူးချွန်စွာအောင်မြင်ထားသူတွေ ဒီပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုကို ဖေဖော်ဝါရီလ ၂ ရက် နောက်ဆုံးထားလျှောက်ထားရမှာပါ။
ပရိုဂရမ်ကတော့ အမျိုးသမီးတွေကို ၂၁ ရာစုနှစ်မှာ ခေတ်အလိုက် ရေပန်းစား နေတဲ့ Supply Chain Management & logistics ဘာသာရပ်နဲ့သက်ဆိုင်တဲ့ တီထွင်ဆန်းသစ်မှု ပညာရပ်တွေ လက်တွေ့ကျကျလေ့လာရမယ့် ပညာရပ်တွေ၊ Supply Chain ဘာသာရပ်ကို တစိုက် မတ်မတ်လေ့လာနိုင်မယ့် ပညာရေးလမ်းကြောင်းတွေအတွက် ပညာသင်ဆုကို ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ နောက်ထပ်မျိုးဆက်သစ် အမျိုးသမီးတွေကို Supply Chain လုပ်ငန်းခွင်ရဲ့ ဦးဆောင်သူတွေနဲ့ စီမံအုပ်ချုပ်မယ့် မန်နေဂျာတွေအဖြစ် ရပ်တည်နိုင်ရန်အတွက် ရည်ရွယ်ပြီး ပညာသင်ဆုကို ထောက်ပံ့ ပေးခြင်းဖြစ်ပါတယ်။
MBA core courses, Women in Business, Global Supply Chains, Big Data and Business Analytics, The Business of Supply Chains, Supply Chain and Information Technologies and Systems, Global Logistics Management ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလကတော့ ၂ နှစ်ကြာမှာပါ။
လျှောက်ထားလိုသူတွေအတွက် Bridge Blue Myanmar အမှတ် (၇၃)၊ ဒုတိယထပ်၊ မပိုလမ်းနှင့် မြေနီကုန်းဈေးလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် ဖုန်း ၀၁- ၅၂၇၁၆၈၊ ၀၉- ၄၅၂၇၇၇၅၀၇ ကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

Comments