CES 2017 ၏အကောင်းဆုံးနည်းပညာပစ္စည်းများ

CES 2017 ဟာ US ရဲ့ အကြီးမားဆုံးသော နည်းပညာပြပွဲတစ်ခုဖြစ်ပြီး အံ့သြမှင်သက် အထင်ကြီးမှုတွေကို သိမ်းပိုက်သွားတဲ့ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ နှစ်တိုင်းလည်း ကျွန်တော်တို့အနေနဲ့ annual SlashGear Best of CES awards အတွက် အကြိုက်ဆုံးနည်းပညာတွေနဲ့ ထုတ်ကုန်တွေကို တင်ပြပေးနေကျ ဖြစ်ပါတယ်။ ၂၀၁၇ ကလည်း အလားတူပါပဲ။

CES 2017 အတွက် အကောင်းဆုံး Laptop – Lenovo ThinkPad X1 Carbon

ThinkPad laptops တွေဟာ ကျည်ဆံဒဏ်ခံနိုင်တဲ့ တည်ဆောက်မှုအရည်အသွေးကြောင့် ထင်ရှားခဲ့ပါတယ်။ ပြီးတော့လည်း Lenovo ရဲ့ စွမ်းအားကြောင့် သူတို့ရဲ့နည်းပညာနဲ့ ဒီဇိုင်းဟာလည်း လိုချင်တပ်မက်ဖွယ် ဖြစ်လာပါတယ်။ThinkPad X1 Carbon  ဟာ လုံးဝကို ပြည့်စုံပါတယ်။ ပါးလျတဲ့ဒီဇိုင်းကလည်း တမူထူးခြားစေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ CES 2017 အတွက် အကောင်းဆုံး Laptop ဆိုတဲ့နေရာကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး ဈေးသင့်တဲ့ Laptop –Samsung Chromebook Plus
Google ရဲ့ Chrome OS ဟာ ကျောင်းသူကျောင်းသား၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်လာပါတယ်။ ဒါပေမယ့်လည်း hardware ပိုင်းနဲ့ သင့်တင့်တဲ့ဈေးနှုန်းမှာရရှိတဲ့ စတိုင်လ်ကောင်းကောင်းတို့ကျတော့ အဆင်မပြေပါဘူး။ Samsung ရဲ့ Chromebook Plus ဟာ ၁၂.၃ လက်မရှိတဲ့ 2400 x 1600 display ၊ touch နဲ့ ရှစ်နာရီခံတဲ့ ဘတ်ထရီတို့နဲ့ ၀င်ရောက်လာပါပြီ။ သူဟာ ၄၄၉ဒေါ်လာသာရှိတဲ့အတွက် တကယ့်ကို စဉ်းစားရမယ့်အချက်ပါပဲ။ Chromebook Pro ကို နောက်ပိုင်းမှာ တိုးမြှင့်သွားဖို့လည်း ရှိနေပါတယ်။

CES 2017 အတွက် အကောင်းဆုံး Desktop – Hp Envy 34
ပါးလျတယ်၊ စွမ်းဆောင်ရည်ပိုမြင့်တယ်၊ အသံထွက်ကောင်းတယ်၊ ပိုမိုစတိုင်လ်ကျ လှပတယ်၊ ၃၄လက်မ display တို့ ပါရှိတဲ့ HP Envy 34  ဟာ standalone monitor နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် တကယ်တော့ သူဟာ full desktop PC တစ်လုံးဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပရိုဆက်ဆာနဲက သီးသန့်ထုတ်ထားတဲ့ ဂရပ်ဖစ်ကတ်တို့ပေါင်းစပ်မှုကြောင့် 3440 x 1440 resolution အထိ ပေးစွမ်းနိုင်ပါတယ်။ သင့်ရဲ့ဖုန်းအားသွင်းဖို့အတွက် Qi wireless charging ကိုလည်း HP က ယူဆောင်လာခဲ့ပါတယ်။

CES 2017 အတွက် အကောင်းဆုံး တွက်ချက်မှုဆန်းသစ်ခြင်း – Dell Canvas

CES ဟာ big displays တွေကိုပဲ ရွေးချယ်တာမဟုတ်ပါဘူး။ ဒါပေမယ့် Dell’s Canvas  ကတော့ မတူပါဘူး။ Microsoft ရဲ့ Surface Studio လိုမျိုး သူရဲ့ကြီးမားတဲ့ မျက်နှာအကြီးကြီးဟာ အနုပညာနဲ့ ဂရပ်ဖစ်ဒီဇိုင်းနာတွေအတွက် ရည်ရွယ်ပါတယ်။ finger- and stylus-friendly Canvas ဟာဆိုရင် သင့်မှာရှိနေတဲ့ Windows 10 PC နဲ့ ဆက်သွယ်ပေးထားပါတယ်။ ပိုမိုလွယ်ကူတဲ့ settings access တွေကို စမတ်ကျကျသုံးနိုင်တဲ့အတွက် ဒီဂျစ်တယ်အနုပညာရှင်တွေ ဘာကြောင့်သရေယိုနေသလဲဆိုတာကို ပုံလေးကို ရှုစားလိုက်တာနဲ့ သင်သိမှာပါ။

CES 2017 အတွက် အကောင်းဆုံး ဂိမ်းအတွက်ထုတ်ကုန် – Razer Project Ariana


Razer’s Project Ariana  ဟာ တကယ်တော့ မြင်ကွင်းချဲ့လိုက်တယ်လို့ ဆိုရမှာပါ။ ဂိမ်းဆော့နေစဉ်မှာ ပတ်ဝန်းကျင်ကို အမှောင်ချထားပြီး သင်နဲ့ ဂိမ်းရဲ့ဆက်ဆံမှုကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးမယ့်သဘောဖြစ်ပါတယ်။ ဒီလို idea မျိုးကို မြင်ဖူးခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ထွက်ရှိလာအောင်လုပ်မယ်လို့ ပြောထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ဝင်တစားစောင့်ကြည့်ရမယ့်အရာတစ်ခု တိုးလာပြီဖြစ်ပါတယ်။
 CES 2017 အတွက် အကောင်းဆုံး အဆင့်မြှင့်တင်ထားမှု – NVIDIA SHIELD TV 2017
NVIDIA ဟာ CES 2017 အတွက် SHIELD TV  ရဲ့ သတင်းကောင်းရှိပါတယ်။ သူ့ရဲ့ original set-top box ပိုင်ရှင်တွေအပေါ် ထားရှိတဲ့ ကုမ္ပဏီရဲ့သဘောထားကြောင့် ဒီနှစ်အတွက် ဆုတစ်ခုကို ရရှိခဲ့တာဖြစ်ပါတယ်။ original SHIELD TV ၀ယ်ယူထားတဲ့သူတိုင်းဟာ အခုအဆင့်မြှင့်ထားတဲ့ features အသစ်တွေကို free software update နဲ့အတူ ဒီနှစ်နောက်ပိုင်းမှာ ရရှိနိုင်ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ SHIELD Controller ချစ်စရာအသစ်လေးကို ရရှိချင်တယ်ဆိုရင်တော့ ဒေါ်လာ၆၀နဲ့အတူ ၀ယ်ယူရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
CES 2017 အတွက် အကောင်းဆုံး TV – LG OLED TV W

CES နဲ့ vast TVs ဟာ လက်တွဲထားပါတယ်။ ဒါပေမယ့် မနှစ်က 3D နဲ့ curved sets တွေကတော့ ဈေးကွက်မှာ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ LG’s OLED TV W-Seriesကတော့ ရုပ်ထွက်အရည်အသွေးကောင်းမွန်မှုနဲ့ ပါးလွှာမှုတို့ကို ပေါင်းစပ်ထားပါတယ်။ LG ဟာ OLED ကို wafer-thin panel ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ကွေးနိုင်ပြီးတော့ နံရံမှာကပ်ထားဖို့ အဆင်ပြေပါတယ်။ ဒါကြောင့် ဈေးကြီးမှာကတော့ အသေအချာပါပဲ။ ဒါပေမယ့် နည်းပညာနဲ့ ဒီဇိုင်းကောင်းမွန်မှုကလည်း ဆုရဖို့အတွက် ထိုက်တန်နေပါတယ်။
CES 2017 အတွက် အကောင်းဆုံး ဖျော်ဖြေမှု – DISH Air TV
Android-powered set-top boxes တွေကတော့ ကုမ္ပဏီတော်တော်များများ ဖြန့်ခဲ့ပြီးသားပါ။ DISH ကတော့AirTV  နဲ့အတူ over-the-air TV support ကို ချပြခဲ့ပါတယ်။ ၁၂၉.၉၉ဒေါ်လာနဲ့အတူ သင်ဟာ Sling TV ရဲ့ based live TV ကိုကြည့်ရှုနိုင်မှာဖြစ်ပြီး အင်တာနာနဲ့တပ်ဆင်လိုက်မယ်ဆိုရင် OTA TV support လည်း ရရှိမှာဖြစ်ပါတယ်။ Netflix လို on-demand service support လည်း ပါဝင်ဦးမှာပါ။ ချစ်စရာ ရီမုလေးလည်း ပါဝင်ပါတယ်။
CES 2017 အတွက် အကောင်းဆုံး ရုပ်ပုံဆိုင်ရာထုတ်ကုန် – Hubble Hugo
Amazon Alexa ဟာ CES 2017 မှာ နေရာတိုင်းလိုလိုရှိနေပါတယ်။ ဒါပေမယ့် virtual assistant မှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Hubble’s Hugo ဖြစ်ပါတယ်။ စက်ရုပ်မျက်လုံးလိုပုံစံဖြစ်ပြီးတော့ လှည့်ပတ်နိုင်တဲ့ ကင်မရာဟာ အခန်းထဲကလူတွေရဲ့ မျက်နှာကိုသိရှိနိုင်ပြီး စောင့်ကြည့်ပေးနိုင်ရုံသာမက Alexa နဲ့အတူ မေးခွန်းတွေကိုလည်း တုံ့ပြန်ပေးနိုင်ပါတယ်။ သူဟာကျွန်တော်တို့ရဲ့ မျက်နှာအမူအရာတွေကိုပါ သိရှိနိုင်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး စမတ်ဖုန်း – ASUS ZenFone AR
Google ရဲ့ Project Tango နည်းပညာဟာ လက်တွေ့မှာ တိကျစွာလုပ်ဆောင်ပေးနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ASUS’ ZenFone AR ကတော့ မြင်ဖူးသမျှထဲမှာ အဆင်ပြေဆုံးဖြစ်ပါတယ်။ သင့်လက်နဲ့ အိပ်ထောင်နဲ့ မဆံ့လောက်တဲ့အထိ မကြီးမားသလို augmented reality ကို ခံစားဖို့အတွက် သေးငယ်နေတာမျိုးအထိလည်း မဟုတ်ပါဘူး။ ဒါကြောင့် Google Tango support နဲ့ အကောင်းဆုံး လန်းလို့ရပါပြီ။

CES 2017 အတွက် အကောင်းဆုံး ဈေးသင့်စမတ်ဖုန်း – Honoe 6X
Huawei ရဲ့ Honor တံဆိပ်ဟာ Android စမတ်ဖုန်းတွေအတွက်တော့ တကယ့်ကို ကောင်းမွန်ပါတယ်။ Honor 6Xဟာ ဒေါ်လာ၂၅၀ အောက်လောက်နဲ့ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ iPhone 7 Plus မှာပါတဲ့ faux-bokeh portrait photography ရရှိနိုင်တဲ့ ကင်မရာနှစ်လုံးလည်း ပါဝင်မှာပါ။ Android Nougat ကို အသုံးပြုမယ်လို့ မျှော်မှန်းထားပါတယ်။ ကျန်တာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး အသံဆိုင်ရာထုတ်ကုန် – Signia Cellion
အကြားအကူပစ္စည်းတွေဟာ အရမ်းကိုကောင်းနေလွန်းလို့ သင်တောင် နားမကြားသူတစ်ယောက်ဖြစ်ချင်လာပါလိမ့်မယ်။ Signia ရဲ့ Cellion aids အသစ်ဟာဆိုရင် myHearing app ရဲ့ source အမျိုးမျိုးကနေပြီးတော့ streaming support ကိုပေးနိုင်ပါတယ်။ IP68 ရရှိထားလို့ ရေစိုခံနိုင်ပြီး ၂၄နာရီလုံးလုံး တောက်လျှောက် streaming လုပ်နိုင်တဲ့ ဘတ်ထရီပါဝင်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး ၀တ်ဆင်စရာ – ODG စမတ်မျက်မှန်
Osterhout Design Group (ODG)’s R8 and R9 wearables တွေကတော့ ရေစီးကြောင်းကို လိုက်လာနိုင်ပါတယ်။ ပထမတစ်ခုကတော့ Qualcomm ရဲ့ Snapdragon 835 chipset ကို အသုံးပြုထားပြီး နေကာမျက်မှန်ပုံစံဒီဇိုင်းနဲ့ 1080p resolution တွေကို binocular augmented reality ကြည့်ရှုနိုင်မှာပါ။ ဘတ်ထရီကတော့ တစ်နေ့တာလုံးသုံးနိုင်မှာဖြစ်ပြီး Android 7.0 Nougat နဲ့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ဟာ AR ကို ခဏခဏစမ်းသပ်ဖူးပါတယ်။ ဒါပေမယ့် R8 နဲက R9 ကတော့ တကယ့်ကို အဆင်ပြေတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး ဒီဂျစ်တယ်ကျန်းမာရေးထုတ်ကုန် – Hyundai H-MEX Exoskeleton
Hyundai’s H-MEX Exoskeleton  ဟာ လမ်းမလျှောက်နိုင်တဲ့သူတွေအတွက် ဘ၀တစ်ဆစ်ချိုးပြောင်းလဲစေမှာပါ။ ဘီးတပ်ကုလားထိုင်သုံးနေရတဲ့သူတွေကို ခြေထောက်နဲ့ ပြန်လမ်းလျှောက်နိုင်စေဖို့ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး H-MEX ဟာ အံ့သြစရာကောင်းလောက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဈေးကွက်မှာ မကြာမီထုတ်လုပ်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

CES 2017 အတွက် အကောင်းဆုံး အလိုအလျောက်မောင်းနှင်တဲ့ကား – Audi & NVIDIA Self-Driving Car
တကယ်တော့ CES မှာက အလိုအလျောက်မောင်းတဲ့ကားတွေဆိုတာ မထူးဆန်းပါဘူး။ ဒါပေမယ့် self-driving Q7အတွက် Audi နဲ့ NVIDIA ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်ဟာ အတော်လေးကို အာရုံစိုက်ခံရပါတယ်။ သုံးနှစ်တာကာလအပြီးမှာ အလိုအလျောက်မောင်းနှင်နိုင်ရုံသာမက အထဲရှိတဲ့လူကိုပါ စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့လည်း လူကမောင်းနှင်နေရင်တောင်မှ စမတ် တွဲဖက်မောင်းနှင်သူအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး စမတ်ဟုမ်း – NVIDIA SPOT / NVIDIA SHIELD TV
NVIDIA ရဲ့ Android-based SHIELD set-top box ကို ယူလိုက်ပါ။ ပြီးတော့ စမတ်ဟုမ်းလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်လိုက်ပါ။ ပြီးရင်တော့ အသံထိန်းချုပ်မှုအတွက် Google Assistant ကို ထပ်ထည့်လိုက်ပါ။ ဒါဟာ သင့်အတွက် ၂၁ရာစုမှာ မလုံလောက်တော့ဘူးဆိုရင် SPOT wireless microphone ကို တပ်ဆင်လိုက်ပါ။ ဒေါ်လာ၅၀ သာကျသင့်ပြီး အခန်းပေါင်းများစွာကို သင့်စိတ်ကြိုက် အသံနဲ့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ လွယ်ကူ၊ အကွာအဝေးများခြင်း၊ တပ်ဆင်ရလွယ်ခြင်း စတဲ့အချက်တွေနဲ့ ပြည့်စုံပါတယ်။

CES 2017 အတွက် အကောင်းဆုံး Accessory – HTC VIVE Tracker
virtual reality နဲ့ ပတ်သတ်လို့ HTC နဲ့ Valve တို့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ VIVE ဟာ ကျွန်တော်တို့အနှစ်သက်ဆုံး VR systems ထဲက တစ်ခုဖြစ်ပါတယ်။ အခုဆိုရင်VIVE Tracker ကလည်း သင့်ရဲ့ virtual world ထဲကို အခြားအရာတွေယူဆောင်လာနိုင်အောင် ကူညီပေးတော့မှာပါ။ VIVE controller ဟာ သင့်ရဲ့ VR ပတ်ဝန်းကျင်မှာ သင်လိုချင်တဲ့ feature တွေမှန်သမျှထည့်နိုင်စေမှာပါ။ ဒါဟာ တောင့်တနေကြတဲ့ gadget virtual reality experience ဖြစ်ပါတယ်။ ဒါဟာ VR အတွက် ထိတွေ့မှုအဆင့်သစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

CES 2017 အတွက် အကောင်းဆုံး နည်းပညာ – LEGO Boost
LEGO ဟာ ပလတ်စတစ်အုတ်တွေပြပြီးနောက်ပိုင်း ရပ်ဆိုင်းနေခဲ့တာဆိုရင် ကြာခဲ့ပါပြီ။ အခုတော့ LEGO Boost ဟာ သင်ကြားရေးနယ်ပယ်တစ်ခုနဲ့ ပတ်သတ်ပြီး ပြခဲ့တာဖြစ်ပါတယ်။ အဲဒီ ဟာသဆန်ဆန်စက်ရုပ်ကလေးကို သင့်အနေနဲ့ တည်ဆောက်ရမှာဖြစ်ပြီးတော့ ဆော့ဝဲလ်နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် LEGO Boost ဟာ ကလေးတွေကစားစရာတစ်ခုအနေနဲ့ ပြန်ရောက်လာခဲ့တယ်လို့ဆိုရမှာပါ။

CES 2017 အတွက် အများဆုံး Disruptive – Toyota Concept-i
အလိုအလျောက်မောင်းနှင်တဲ့ကားတွေဟာ အရမ်းကိုရှုပ်ထွေးခက်ခဲပါတယ်။ ဒါပေမယ့် စက်ရုပ်မောင်းတဲ့ကို လူတွေက ဘယ်လောက်တောင်ယုံကြည်ရမှာလဲ။ အဲဒီမေးခွန်းကို ဖြေကြားပေးမှာကတော့ Concept-i ဖြစ်ပါတယ်။ သူဟာ မျက်စိကျစရာ တံခါးဖွင့်ပုံ၊ သူရဲ့ အသိဥာဏ်တုဟာလည်း မောင်းသူမဲ့ကားကမ္ဘာကို အသစ်အဆန်းတစ်ခုဖြစ်စေပါတယ်။

CES 2017 အတွက် အကောင်းဆုံး – BMW HaloActive Touch / i Inside Future Concept
CES မှာ အလိုအလျောက်မောင်းနှင်မှုနဲ့ဆိုင်တဲ့ နည်းပညာတွေ အတော်လေးမြင်ရပါတယ်။ BMW’s i Inside Future Concept and HaloActive Touch interfaceကတော့ ကျန်တာတွေထက်ကို ထင်ရှားနေပါတယ်။ holographic controls ၊ လေမှာပျံဝဲနေတဲ့ ultrasonic haptics ၊ fully-customizable digital dashboard တို့လည်း ပါဝင်ပါတယ်။ stereotypically-CES razzle-dazzle တွေကိုလည်း နည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ထားခြင်းကြောင့် သူဟာ SlashGear ရဲ့ Best of CES 2017 awardကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

တကယ်လို့ 2017 Consumer Electronics Show အကြောင်းသတင်းတွေကို သိချင်တယ်ဆိုရင်တော့ our CES Hub! မှာ သွားကြည့်နိုင်ပါတယ်။
Cradit ## Aung Phyo Oo (Myanmar Mobile App) ##

Comments