မတူညီတဲ့ chipset နှစ်မျိုးအပြင် ဗားရှင်းသုံးမျိုးနဲ့ တွေ့မြင်ရမယ့် Xiaomi Mi 6


လွန်ခဲ့တဲ့တစ်နှစ်က ထွက်ရှိခဲ့တဲ့ Xiaomi Mi 5 နေရာဆက်ခံမယ့် Xiaomi Mi 6 ကို ဗားရှင်းသုံးမျိုးနဲ့ တွေ့မြင်ရမယ်လို့ Weibo သုံးစွဲသူတစ်ဦးက ဖော်ပြခဲ့ပါတယ်။
ဗားရှင်းသုံးမျိုးအနက် တစ်မျိုးမှာ Helio X30 chipset ပါဝင်ပြီး တန်ဖိုးက ၁,၉၉၉ ယွမ် (၂၉၀ ဒေါ်လာခန့်) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယတစ်မျိုးမှာ Snapdragon 835 ပါဝင်ပြီး တန်ဖိုးက ၂,၄၉၉ ယွမ် (၃၆၀ ဒေါ်လာခန့်) ကျသင့်ပါလိမ့်မယ်။ တတိယ တစ်မျိုးမှာတော့ Qualcomm ရဲ့ နောက်ဆုံးပေါ် chipset နဲ့ dual-edge curved display ပါဝင်ပြီး ၂,၉၉၉ ယွမ် (၄၃၄ ဒေါ်လာ) ကျသင့်မယ်လို့ သိရပါတယ်။
Mi 6 ကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပြပွဲမှာ တရားဝင် တွေ့မြင်ရဖွယ် ရှိပါတယ်။

Comments