Chromebook အားလုံးတွင် Android app များ အသုံးပြုနိုင်မည်


Google အနေနဲ့ Play Store နဲ့ Android app တွေကို Chromebook တွေမှာ ထောက်ပံ့ပေးသွားမယ်လို့ လွန်ခဲ့တဲ့တစ်နှစ်က ပြောကြားခဲ့ပြီးတဲ့နောက် အခုအခါ ဒီ feature ကို ထုတ်ကုန်သစ် အားလုံးပေါ်မှာ တွေ့မြင်ရမယ်လို့ ကုမ္ပဏီက အာမခံပြောကြား လိုက်ပါတယ်။
Android သုံးနိုင်မယ့် Chromebook စာရင်းအရ၂၀၁၇ နောက်ပိုင်း ထွက်ရှိမယ့် Chromebook သစ်အားလုံးမှာ Android app တွေကို အသုံးပြုနိုင်တော့မှာပါ။
ယခုလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ CES ပြပွဲမှာလည်း Acer Chromebook သစ်နှစ်မျိုးနဲ့ Samsung ရဲ့ Chromebook Plus နဲ့ Pro အပါအဝင် Chromebook သစ်အချို့ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
အဲ့ဒီထုတ်ကုန်တွေမှာ Play Store ပါဝင်ပြီး Android စမတ်ဖုန်းပေါ်မှာသုံးသလို သုံးနိုင်မယ့် Android app တွေ ပါဝင်ပါတယ်။
Asus Chromebook Flip, Acer Chromebook R11/C738T နဲ့ Google Chromebook Pixel 2 တို့လို Chromebook အဟောင်းတွေမှာလည်း Android app တွေကို ထောက်ပံ့ပေးမယ်လို့ Chromium Projects စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တဲ့ Chromebook Pixel အတွက်တော့ Android app update ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

Comments