Download နဲ့ Install လုပ်ဖို့မလိုတဲ့ app များကို WeChat ဖြန့်ချိ


Download နဲ့ install လုပ်ဖို့မလိုဘဲ WeChat instant messaging app အတွင်းမှာ အသုံးပြုနိုင်မယ့် “mini app” တွေကို တရုတ်နိုင်ငံရဲ့ အင်တာနက် ကုမ္ပဏီကြီးဖြစ်တဲ့ Tencent Holdings Ltd က ဖြန့်ချိပေးလိုက်ပါတယ်။
သုံးစွဲသူတွေက အဆိုပါ app တွေကို ဖွင့်ဖို့အတွက် QR code ကို scan လုပ်ရုံ ဒါမှမဟုတ် ၎င်းတို့ရဲ့ WeChat account တွေမှာ ရှာဖွေရုံနဲ့ ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် ၎င်း app တွေကို download လုပ်ဖို့မလိုဘဲ အလွယ်တကူပိတ်နိုင်သလို notification နဲ့ subscription message တွေပို့တာလိုမျိုး သုံးစွဲသူတွေကို အနှောင့်အယှက် မဖြစ်စေဘူးလို့ Tencent က ဆိုပါတယ်။
ဒါဟာ Tencent ရဲ့ messaging service အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝန်းက WeChat သုံးစွဲသူအရေအတွက် ၈၄၆ သန်းရှိတယ်လို့ Tencent ရဲ့ ၂၀၁၈ တတိယသုံးလပတ် ဝင်ငွေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ဒီ mini app တွေက app ကြောင့်ဖြစ်ပွားတဲ့ ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ App Store နဲ့ Android Market တို့ရဲ့နေရာကို ရယူနိုင်မှာမဟုတ်ပါဘူး” လို့ ရှန်ဟိုင်းအခြေစိုက် Wanqing Consultancy မှ အမှုဆောင်အရာရှိချုပ် လူကျန်ဝမ်က ပြောကြားပါတယ်။
ဘေကျင်းအခြေစိုက် Analysis consultancy မှ လေ့လာဆန်းစစ်သူ ဒေါင်ဇူကလည်း “ဒီ mini app တွေကို သုံးစွဲသူတွေအနေနဲ့ သူတို့လိုအပ်သမျှကို ရှာဖွေပြီး အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဒီ app တွေကို အသုံးပြုမှု ရပ်ဆိုင်းလိုက်တဲ့အခါမှာလည်း ဘယ်ကြော်ငြာမှ လက်ခံရရှိမှာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။
“Mini-app” တွေကို ဖြန့်ချိတဲ့ရည်ရွယ်ချက်က WeChat ပေါ်မှာ အချိန်ပိုမိုကုန်ဆုံးလိုစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ တစ်နေ့တာWeChat အသုံးပြုမှုနှုန်းဟာ ၁၄.၅ ကြိမ်ရှိပြီး လူမှုရေးမီဒီယာ အသုံးပြုမှုနှုန်းက ၄၈ မိနစ်ဖြစ်တယ်လို့ တရုတ်ကုမ္ပဏီ Kika က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Cr: Internet Journalan

Comments