ခရီးသည်များအတွက် ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်များကို EZ-Link မိတ်ဆက်


စင်ကာပူနိုင်ငံရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ငွေပေးချေရာမှာ contactless card တွေကို ထုတ်ပေးနေတဲ့ EZ-Link ကုမ္ပဏီက ခရီးသည်တွေ ဝတ်ဆင်အသုံးပြုနိုင်မယ့် နည်းပညာမြင့် ထုတ်ကုန်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
သုံးစွဲသူတွေက EZ-Link digital wallet ပါဝင်တဲ့ fitness tracker တွေကို အသုံးပြုပြီး ဘတ်စ်ကား ဒါမှမဟုတ် မြေအောက်ရထားပေါ်မှာ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။
ဒီထုတ်ကုန်တွေကို EZ-Link က GPS systems ကုမ္ပဏီ Garmin နဲ့ ဒီဂျစ်တယ်လုံခြုံရေးကုမ္ပဏီ Watchdata တို့နဲ့ ပူးပေါင်းဖန်တီးထားပါတယ်။ Watchdata နဲ့ EZ-Link က ဒီဇိုင်းဖန်တီးထားတဲ့ Batman v Superman Fitness Tracker X EZ-Link နဲ့ feature အများအပြားပါဝင်တဲ့ Garmin Vivosmart HR with EZ-Link ဆိုပြီး fitness tracker နှစ်မျိုး ထုတ်လုပ်ထားပါတယ်။
Batman v Superman tracker ကို ဇန်နဝါရီ ၂၄ ရက်ကစပြီး EZ-Link ရဲ့ အွန်လိုင်းစတိုးကနေ စင်ကာပူဒေါ်လာ ၄၂.၈၀ (ဒေါ်လာ ၃၀) နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Garmin Vivosmart tracker ကိုတော့ မတ်လကုန်မှာ စင်ကာပူဒေါ်လာ ၂၅၉ (ဒေါ်လာ ၁၈၁) နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Comments