G6 တွင် ပါဝင်လာဖွယ်ရှိသည့် ၅.၇ လက်မ QHD+ display ကို LG မိတ်ဆက်ပြသ


LG Display သည် ၎င်း၏ နောက်ဆုံးပေါ် မိုဘိုင်း display ကို မိတ်ဆက်ကြေညာခဲ့သည်။
အဆိုပါ display ၏ aspect ratio က 18:9 ဖြစ်ပြီး resolution က 2880 x 1440 pixels ဖြစ်သည်။ QHD+ ဟုခေါ်တွင်သည့် ၅.၇ လက်မ display ကို LG G6 တွင် တွေ့မြင်ရဖွယ်ရှိသည်။
အဆိုပါ panel သစ်သည် LG ၏ in-TOUCH နည်းပညာကြောင့် ပါးလွှာပေါ့ပါးသည်။ Display တွင် touch sensor များ ပေါင်းစပ်ထည့်သွင်းထားသောကြောင့် အထူက ၁ မီလီမီတာသာရှိကြောင်း LG မှ ပြောကြားခဲ့သည်။
Bezel များကိုလည်း ထိပ်ဘက်တွင် ၀.၂ မီလီမီတာ (၂၀ ရာခိုင်နှုန်း)၊ ဘယ်ဘက်နှင့် ညာဘက်တွင် ၀.၅၄ မီလီမီတာ (၁၀ ရာခိုင်နှုန်း) လျှော့ချထားသည်။
အိမ်ပြင်ပတွင်အသုံးပြုသည့်အခါ မြင်နိုင်စွမ်းက ပိုမိုကောင်းမွန်လာပြီး စွမ်းအင်သုံးစွဲမှု ၃၀ ရာခိုင်နှုန်း နည်းပါးကြောင်း LG Display မှ ပြောကြားခဲ့သည်။
LG G6 ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဘာစီလိုနာ၌ကျင်းပမည့် Mobile World Congress ပြပွဲတွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိသည်။

Comments