ဗြိတိသျှကောင်စီတွင် General English နှင့် IELTS Preparation တန်းခွဲသစ်များဖွင့်မည်


ဗြိတိသျှကောင်စီမှာ General English နဲ့ IELTS Preparation တန်းခွဲသစ်တွေကို ဧပြီလမှာ ဖွင့်လှစ်သွားမှာပါ။ တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်ပါပြီ။
တန်းခွဲသစ်တွေအတွက် ဝင်ခွင့်စာမေးပွဲတွေကို ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး သင်တန်းကို အသက် ၁၆ နှစ်နှင့်အထက် မည်သူမဆိုတက်ရောက်နိုင်ပါတယ်။ စာရင်းပေးသွင်းတဲ့အခါ မှတ်ပုံတင်ကတ်ပြား (သို့) အိမ်ထောင်စုစာရင်း/မွေးစာရင်းမူရင်းများယူဆောင်လာရပါမယ်။ နေရာအကန့်အသတ်ရှိတာမို့လို့ ဝင်ခွင့်စာမေးပွဲစာရင်းသွင်းတာကို ဦးရာလူစနစ်နဲ့ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ 
ဝင်ခွင့်ဖြေဆိုပြီးရင် သင်တန်းတက်ရောက်ဖို့ရရှိတဲ့ Level နဲ့ တက်ရောက်လိုတဲ့အချိန်မှာ အတန်းနေရာရှိမှသာ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲတွေကိုတော့ ဖေဖော်ဝါရီလ ၁ ရက် နဲ့ ၆ ရက်တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် အသေးစိတ်သိရှိလိုတဲ့သူတွေ Facebook messenger http://m.me/BritishCouncilMyanmar ကနေဖြစ်စေ၊ ဖုန်း ၀၁- ၃၇၀၉၃၃ ၊ ၃၇ဝ၈၂၉ ၊ ၃၇ဝ၈၃ဝ ကနေဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Comments