Huawei P10 နှင့် P10 Plus ကို မတ်လ သို့မဟုတ် ဧပြီလတွင် ဖြန့်ချိမည်


Huawei P10 နှင့် P10 Plus ကို ယခုနှစ် မတ်လ သို့မဟုတ် ဧပြီလတွင် ဖြန့်ချိမည်ဟုသိရသည်။ အဆိုပါသတင်းကို ကုမ္ပဏီ၏ သုံးစွဲသူဌာနမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ယူချန်ဒေါင်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။


ထို့အပြင် P10 တွင် သာမန် display တစ်ခုဖြင့် တွေ့မြင်ရမည်ဖြစ်သော်လည်း Plus မော်ဒယ်တွင် curved screen ပါဝင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သော ကောလာဟလ သတင်းတွင်မူ P10 ၌ dual curved screen ပါဝင်မည်ဟု ဖော်ပြခဲ့သည်။
ဖုန်း၏ အချက်အလက်အပိုင်းတွင် P10 နှင့် P10 Plus ၌ HiSilicon Kirin 960 SoC နှင့် ၅.၅ လက်မ QHD touchscreen များကို အသုံးပြုထားကြောင်း၊ RAM က 6GB ဖြစ်ပြီး သိုလှောင်မှု ပမာဏကို 256GB အထိ ရရှိနိုင်ကြောင်း ကောလာဟလ သတင်းများတွင် ဖော်ပြထားသည်။
Ref: GSMArena

Comments