အားနည်းချက်များနဲ့ လုံခြုံရေး ယိုပေါက်များ ပြင်ဆင်ထားတဲ့ iOS 10.2.1 ကို Apple ဖြန့်ချိ


ရက်သတ္တပတ် အတန်ကြာ စမ်းသပ်မှုများ ပြုလုပ်ပြီးတဲ့နောက် Apple က iOS 102.1 ကို ဖြန့်ချိပေးလိုက်ပါတယ်။
အဲ့ဒီ update မှာ အဓိက အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတာမျိုးမရှိဘဲ အားနည်းချက်တွေနဲ့ လုံခြုံရေး ယိုပေါက်တွေကိုသာ ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ Update ရဲ့ security page မှာလည်း kernel, WebKit နဲ့ Contacts app ထဲက အားနည်းချက်တွေကို ပြင်ဆင်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် reset လုပ်ထားတဲ့ Activation Locked iPad ရဲ့ home screen ကို တိုက်ခိုက်သူများက အချိန်တိုအတွင်း အသုံးပြုနိုင်တဲ့ အားနည်းချက်ကိုလည်း Apple က ပြင်ဆင်ပေးခဲ့ပါတယ်။
အဲ့ဒီ update ကို iOS 10 အသုံးပြုထားတဲ့ ထုတ်ကုန်အားလုံးပေါ်ကနေ ရယူနိုင်ပါတယ်။

Comments