iOS Device တွေမှာ Restrictons အသုံးပြုနည်း နှင့် password မေ့သွားခဲ့လျှင် ပြန်လည်ဖြေရှင်းနည်း


သင်ရဲ့ iPhone,iPadနှင့်iPodမှာ Apps တွေကို သူတပါးမမြင်အောင် ဝှက်ထားခြင်း(သို့မဟုတ်)မိမိစိတ်ကြိုက် ကန့်သတ်ချက်များပြုလုပ်ထားချင်ရင် Restrictions ကို အသုံးပြုရပါသည်။

Settings > General > Restrictions ကို on ပေးရပါမယ် password code ထည့်ပေးပြီး အသုံးရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် password မေ့သွားခဲ့သည်(သို့မဟုတ်) လုံးဝ မသိတော့သည် ရှိခဲ့သော်…
မိမိ ဝှက်ထားသော(သို့မဟုတ်)ကန့်သတ်ထားရှိသော apps များကို ပြန်ဖွင့်မရတော့ ဖြစ်တတ်တဲ့အပြင်..
ဖုန်းကို Reset ချခြင်းပြုလုပ် မရနိုင် ဖြစ်တတ်ပါတယ်။
 Restrictions Passcode မေ့ခဲ့လျှင် အလွယ်ဆုံးသော ဖြေရှင်း နည်းလမ်းက ..
PC မှာ iTunes နဲ့ ချိတ်ကာ Restore ပြုလုပ်ပြီး firmware ပြန်တင်လိုက်တာပါ။
 Firmware ပြန်တင်လိုက်မယ်ဆိုရင် နောက်ဆုံးဗားရှင်း ရောက်သွားတဲ့ အပြင်..apps တွေနဲ့ data တွေ အကုန်ပျက်သွားပြီး ဖုန်းအသစ်အတိုင်း ဖြစ်သွားပါလိမ့်မည်။
 Apps တွေဟာ PC ကနေ iTunes ဖြင့် ဒေါင်းလုတ်ဆွဲထားရင် ဖုန်းထဲ ပြန် install ပြုလုပ်ရင် အကြောင်း မဟုတ်သော်လည်း…ဖုန်းဖြင့် App Store မှာ တိုက်ရိုက် ဒေါင်းလုတ် ဆွဲကာ install ထားပါက ..backup ပြန်ယူ၍ မရနိုင်တော့ပါ။
(***iOS 9&10 မှာ Apps တွေ backup ပြုလုပ်၍ မရနိုင်ပါ။ data တွေပဲ backup ပြုလုပ်၍ ရပါသည်။)
 အကြောင်းအမျိုးမျိုးကြောင့်…Restrictions Passcode မေ့၍ Restore မပြုလုပ်ချင်ဘဲ ဖြေရှင်းတဲ့ နည်းလမ်းကတော့…….အောက်ပါ ပုံများအတိုင်း အဆင့်ဆင့်ပြုလုပ်ပါ။
 Step 1
(၁) ဖုန်းကို PC တွင် iTunes ချိတ်ကာ backup အရင်ပြုလုပ်ပါ။
 Step 2
(၂) backup ယူထားသော ဖိုင်များဖွင့်ရန်..
iBackup Bot ဆော့ဝဲလ် ကို ဖွင့်ပါ။
iBackup Bot ဆော့ဝဲလ် ယူရန်
iBackup Bot>>>>
http://www.icopybot.com/itunes-backup-manager.htm
(၃) PC ကနေ iBackup Bot ကို ဖွင့်လိုက်ရင်…
iTunes ဖြင့် backup ယူထားပြီးခဲ့သော ဖုန်းမှ ဖိုင်ထဲကနေ…
 System Files > HomeDomain > Library > Preferences > com.apple.restrictionspassword.plist ကို ဖွင့်ပါ။
 ဖိုင်ဖွင့်လိုက်လျှင်….
RestrictionsPasswordKey:_________နဲ့
RestrictionsPasswordSalt:_________ကို
password code နှစ်ခု တွေ့ရပါလိမ့်မယ်။
Copy ယူပါ။
(***copy ယူရာတွင်   ” =,== ” ပါ အကုန်ယူပါ)
 Step 3
(၄) code များကို ရှာပေးရန် အတွက်…..
ဒီ link ကို….
Broswer တခုခု ကနေ ဝင်ပါ။
http://ios7hash.derson.us/
 RestrictionsPasswordKey:_________နဲ့
RestrictionsPasswordSalt:_________ကို
ခုနက ဖွင့်ထားတဲ့ ဖိုင်ထဲကနေ copy ယူလာ၍ paste ပြုလုပ်ပါ။
Search for code ကို နှိပ်ပါ
Auto ရှာပေးနေပါလိမ့်မည်။
(password ဂဏန်း ကြီးသေး ထည့်ထားတဲ့အပေါ်မူတည်၍ အနှေး/မြန် ရှာချိန်မတူပါ)
passcode numbers များရပါပြီ။
 ပုံများဖြင့်လေ့လာလိုရင်တော့ >>> ဒီနေရာ <<< သို့ ဝင်ပါ။
credit - myanmarmobileapp
credit – Ko Soe Than

Comments