iPhone 7 နှင့် iPad သစ်များအတွက် ဂိမ်းခလုတ်များကို Gamevice မိတ်ဆက်


Gamevice သည် Apple မှ အသိအမှတ်ပြုထားသော Made-for-iPhone (MFi) လက်မှတ်ရထားသော နာမည်ကျော် ထုတ်ကုန်များအနက် တစ်မျိုးဖြစ်သည်။ Gamevice သည် ယခုအခါတွင် iPhone 7 နှင့် 7 plus အတွက် နားကြပ်ပေါက်နှင့် အားသွင်းရန် lightning ပါဝင်သော ဂိမ်းခလုတ်တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယခုလနှောင်းပိုင်းတွင် iPad အတွက်ဂိမ်းခလုတ်များကို ဖြန့်ချိရောင်းချမည် ဖြစ်သည်။
iPhone 7 နှင့် 7 Plus ဂိမ်းခလုတ်များတွင် ပါဝင်သော နားကြပ်ပေါက်နှင့် Lightning port များမှာ အလွန်ကောင်းမွန်သည့် feature များဖြစ်သည်။ Gamevice သည် ယခင်ထုတ်လုပ်ခဲ့သော ဂိမ်းခလုတ်မှ အားနည်းချက်များဖြစ်သော thumb stick များကို အဆင့်မြှင့်ထားသည်။ ထို့အပြင် ယခင်ဒီဇိုင်းတွင် ပါဝင်သော ဘက်ထရီကို ဖယ်ရှားက iPhone မှစွမ်းအင် ရယူထားသောကြောင့် ခလုတ်မှာ ပိုမိုပေါ့ပါးသည်။
ဒီဇိုင်းမှာ Gamevice ၏ ပထမမျိုးဆက် ဂိမ်းခလုတ်နှင့် အလွန်ဆင်တူသည်။ ခလုတ်ကို ခေါက်နိုင်သောကြောင့် ဂိမ်းခလုတ်မှာ ကျစ်လျစ်မှု ရှိသွားမည် ဖြစ်သောကြောင့် ခရီးသွားလာရာတွင် အလွယ်တကူ ယူဆောင်သွားနိုင်
သည်။
iPhone 7 နှင့် 7 Plus Game vice ထုတ်ကုန်သစ်ကို ဇန်နဝါရီလ ၃၁ ရက် ၌ အွန်လိုင်းနှင့် Apple store များတွင် ၉၉ ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်သည်။ iPadmini အတွက် Gamevice ဂိမ်းခလုတ်သစ်ကိုလည်း ဇန်နဝါရီ ၃၁ ရက်၌ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

Comments