ဖေဖော်ဝါရီ ၂၆ ရက်မှာ တွေ့မြင်ရမယ့် LG G6 စမတ်ဖုန်း


တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်တဲ့ LG ဟာ ကုမ္ပဏီရဲ့အထင်ကရ စမတ်ဖုန်းဖြစ်တဲ့ LG G6 ကို နောက်လမှာ မိတ်ဆက်သွားဖွယ် ရှိပါတယ်။
CNBC ကရရှိခဲ့တဲ့ ပေါက်ကြား ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ အဆိုပါ စမတ်ဖုန်းသစ်မှာ ဖုန်းရဲ့ အရှေ့ဘက်ဧရိယာ ၉၀ ရာခိုင်နှုန်းနီးပါး နေရာယူထားတဲ့ display တစ်ခု ပါဝင်မယ်လို့ သိရပါတယ်။
LG G6 ကို ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress မှာ ပွဲထုတ် မိတ်ဆက်ဖွယ်ရှိပါတယ်။ LG ဟာ အဆိုပါ သတင်း စာရှင်းလင်းပွဲအတွက် ဖိတ်စာကို ဂျာနယ်လစ်များထံ ပေးပို့ခဲ့ပါတယ်။ LG အနေနဲ့ အဆိုပါစမတ်ဖုန်းကို မတ်လအစောပိုင်းမှာ အဓိကဈေးကွက်များထံ ဖြန့်ချိသွားမယ်လို့ CNBC ရဲ့ ရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နေရာအတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။
LG G6 ကို သတ္တု၊ ဖန်ထည်တို့နဲ့ ပြုလုပ်ထားပြီး bezel အရွယ်အစားလျှော့ချထားတဲ့ ၅.၇ လက်မ display နဲ့ တွေ့မြင်ရဖို့ရှိပါတယ်။

Comments