အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်မည့် LG ရေခဲသေတ္တာ


LG သည် InstaView စမတ် ရေခဲသေတ္တာသစ်ကို အသံဖြင့် ထိန်းချုပ်နိုင်ရန် Amazon Alexa နည်းပညာနှင့် ပေါင်းစပ်ထားကြောင်း သိရသည်။ LG ၏ Insta View ရေခဲသေတ္တာမှာ မြင့်မားပြီး display မှာ၂၉ လက်မရှိသည်။
ရေခဲသေတ္တာ၏ အခြေခံ operating system မှာ webOs ဖြစ်ပြီး Amzon ၏ Alexa ဖြင့် သေသပ်စွာ ထိန်းချုပ်နိုင်သည်။ ၎င်းကို သုံးစွဲရာတွင် Amazon Echo သုံးစွဲရ သကဲ့သို့ပင် ဖြစ်သည်။ သုံးစွဲသူက ရေခဲသေတ္တာကို မေးခွန်းများ မေးမြန်းနိုင်သည်။ ၎င်းရေခဲသေတ္တာက ရာသီဥတုအကြောင်းများကို ဖြေကြားပေးနိုင်သလို သီချင်းဖွင့်ခြင်းနှင့် audio book များလည်း နားထောင်နိုင်
သည်။ သို့သော်လည်း LG သည် ရေခဲသေတ္တာရှိ စပီကာစနစ်မည်မျှ ကောင်းမွန်ကြောင်းကို ပြောကြားခဲ့ခြင်း မရှိပေ။
Amazon ၏ Alexa ကို ဈေးဝယ်ယူမည့် စာရင်းကို တည်ဆောက်ပေးရန် တောင်းဆိုနိုင်သလို ဝယ်ယူမည့် ပစ္စည်းတစ်ခုချင်းစီကို အိမ်တိုင်ရာရောက် ပေးပို့ရန် မှာကြားနိုင်ကြောင်း သိရသည်။

Comments