MECTel CDMA 800 MHz ဆင်းမ်ကတ်များအား viber အသုံးပြု၍မှတ်ပုံတင်နိုင်ပြီ


ပြည်တွင်းမိုဘိုင်းလ်ဖုန်းဆင်းကတ်မှတ်ပုံတင်ခြင်းများအား (၃၁.၃.၂၀၁၇) ရက်နေ့တွင် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်သောကြောင့် MECTel CDMA 800 MHz ဆင်းမ်ကတ်များကို ပြည်နယ် နှင့်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ (ဆင်းမ်ကတ်ဖြန့်ဖြူးရာဆိုင်ခွဲများhttps://m.facebook.com/story.php…
၊ အင်းဝဘဏ်ခွဲများhttps://m.facebook.com/story.php…
)တွင်သွားရောက်မှတ်ပုံတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် မိမိ၏ဖုန်း၊ ကွန်ပြူတာကိုအသုံးပြု၍ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ဝက်ဘ်ဆိုဒ်ဖြစ်သောwww.mectel.com.mmမှတဆင့်မှတ်ပုံတင်ခြင်း ကိုပြုလုပ်နိုင်ပြီဖြစ်သည်။
နောက်ထပ်ဝန်ဆောင်မှုတခုအနေဖြင့် ကိုင်ဆောင်မည့်သူ၏ MECTel CDMA 800 MHz ဆင်းမ်ကတ် ကိုင်ဆောင်သူ၏ ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ မြင်သာထင်ရှားသော မှတ်ပုံတင် သို့မဟုတ် တရားဝင်ကိုင်ဆောင်ခွင့်ပြုထားသောကတ်တစ်ခုခု ကိုအရှေ့အနောက် ဓါတ်ပုံရိုက်၍ MECTel Viber Number 0931313131 သို့ ပေးပို့ခြင်းဖြင့် လွယ်ကူအဆင်ပြေစွာမှတ်ပုံတင်ပြု လုပ်နိုင်ပြီဖြစ်ကြောင်း ပါသိရှိရသည်။
မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 3456 Complaint Center ၊ 1212 Call Center ၊ ဖုန်းနံပါတ် ၀၉-၃၁၁၆၀၂၄၉ ၊ ၀၉-၃၁၃၁၃၁၃၁ နှင့် MECTel Facebook စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။

Comments