မတ်လမှာ ဒေါ်လာ ၃၀၀ နဲ့ ရောင်းချမယ့် Nintendo Swtich ဂိမ်းစက်


Nintendo Switch ဂိမ်းစက်ကို မတ်လ ၃ ရက်မှစတင်ကာ ကမ္ဘာတစ်ဝန်းရှိ စတိုးများတွင် ရောင်းချသွားမှာ ဖြစ်တယ်လို့ Nintendo ဥက္ကဋ္ဌ တဆုမိခိမိရှိမက ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ကြေညာခဲ့ပါတယ်။ အဆိုပါဂိမ်းစက်ကို ဒေါ်လာ ၃၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Nintendo Switch ကို tablet လိုမျိုး လက်ထဲမှာကိုင်ပြီးကစားနိုင်သလို တီဗီနဲ့လည်း ချိတ်ဆက်ကစားနိုင်ပါတယ်။ ဂိမ်းစက်ကို dock မှာ တပ်ဆင်ထားတဲ့အခါ ဂရပ်ဖစ် လုပ်ဆောင်ချက်ကို နှစ်ဆထောက်ပံ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။ အစောပိုင်း သတင်းတွေမှာတော့ portable screen က 720p ဖြစ်ပြီး dock မှာ တပ်ဆင်ထားတဲ့အခါ 1080p resolution နဲ့ ကစားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဂိမ်းစက်မှာ ဆော့ဖ်ဝဲအတွက် region-locking feature မပါဝင်တာကြောင့် ဘယ်ဂိမ်းကိုမဆို ကစားနိုင်မှာဖြစ်ပါတယ်။ ဂိမ်းစက်ကို tablet အနေနဲ့ ကစားတဲ့အခါမှာလည်း ကစားတဲ့ဂိမ်းအပေါ် မူတည်ပြီး ဘက်ထရီနဲ့ ၂.၅ နာရီကနေ ၆ နာရီအထိ ကစားနိုင်မယ်လို့ သိရပါတယ်။

Comments