Nokia 6 ကို ဇန်နဝါရီ ၁၉ တွင် တရုတ်နိုင်ငံ၌ စတင်ရောင်းချမည်


Nokia 6 စမတ်ဖုန်းကို ဇန်နဝါရီ ၁၉ ရက်တွင် တရုတ်နိုင်ငံ၌ စတင်ရောင်းချမည် ဖြစ်ကြောင်းနှင့် အဆိုပါ Android ဖုန်းအတွက် JD.com က ၆၆ ယွမ် (၉ ဒေါ်လာ) ဖြင့် အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းမှုကို စတင်လက်ခံနေကြောင်း သိရသည်။
HMD Global မှ ထုတ်လုပ်သည့် နာမည်ကျော် အမှတ်တံဆိပ်ပါဝင်သည့် ပထမဆုံးဖုန်းဖြစ်သော Nokia 6 ကို JD.com လက်လီဆိုက်မှသာ ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီက တရုတ်နိုင်ငံတွင် ၁,၆၉၉ ယွမ် (၂၄၅ ဒေါ်လာ) ဖြင့် ရောင်းချမည့် Nokia 6 ကို CES 2017 တွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ရာ ကမ္ဘာတစ်ဝန်းလုံး အံ့အားသင့်ခဲ့ကြသည်။
Nokia 6 တွင် ၅.၅ လက်မ Full HD display နှင့် 2.5D Gorilla Glass ပါဝင်ပြီး Android 7.0 Nougat ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Qualcomm Snapdragon 430 processor, 4GB RAM, 64GB onboard storage ဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာက 16MP ဖြစ်ပြီး selfie ကင်မရာက 8MP ကင်မရာ ဖြစ်သည်။
HMD Global သည် Nokia အမှတ်တံဆိပ် Android စမတ်ဖုန်းများကို ထပ်မံမိတ်ဆက် သွားရန် စီစဉ်ထားပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖုန်းအသစ်များ ထပ်မံမိတ်ဆက်သွားမည်ဟု Nokia Mobile Facebook စာမျက်နှာတွင် ကြေညာထားသည်။

Comments

Post a Comment