ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖုန်းအသစ်များ ထပ်မံမိတ်ဆက် သွားမည်ဟု Nokia ပြောကြား






ပထမဆုံး Nokia ဖုန်းအဖြစ် Nokia 6 ကို မိတ်ဆက် ပေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖုန်းအသစ်များ ထပ်မံမိတ်ဆက် သွားမည်ဖြစ်ကြောင်း Nokia မှ ပြောကြားခဲ့သည်။
ထပ်မံမိတ်ဆက်မည့် ဖုန်းများတွင် တရုတ်နိုင်ငံပြင်ပ၌ ရောင်းချမည့် Nokia 6 ပါဝင်ဖွယ်ရှိသည်။ ထို့အပြင် ယခုနှစ်အတွင်း Nokia ဖုန်းသစ် ၇ မျိုးအထိ တွေ့မြင်ရဖွယ်ရှိသောကြောင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖုန်းအသစ်အချို့ကိုလည်း မိတ်ဆက်ဖွယ်ရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်သည် ဘာစီလိုနာမြို့တွင် Mobile World Congress ပွဲ စတင်ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သော CES ပြပွဲတွင် Nokia အမှတ်တံဆိပ် ပါဝင်သည့် ပထမဆုံး Android စမတ်ဖုန်းဖြစ်သော Nokia 6 ကို ပွဲထုတ်ပြသခဲ့သည်။ ၎င်းကို တရုတ်နိုင်ငံတွင် JD.com မှတစ်ဆင့် ၁,၆၉၉ ယွမ် (၂၄၅ ဒေါ်လာ) ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
Refer:Internet Journal

Comments