Professional Software Developer Foundation သင်တန်းကို ရုံးချိန်လွတ်အနေဖြင့် ဖွင့်လှစ်မည်


Programming Technic များကို အခြေခံမှစ၍ စနစ်တကျလေ့လာပြီး Professional JAVA / Android, C#.net, PHP Developer ဖြစ်လိုသူ၊ ကွန်ပျူတာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီးနှင့် HND Foundation (IT) သို့ တက်ရောက်လိုသူများအတွက်ရည်ရွယ်၍ Professional Software Developer Foundation ရုံးချိန်လွတ်သင်တန်း တန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါသင်တန်းတွင် Computer Programming, OOP Concept နှင့် OOP Programming Technic များကို သိရှိနားလည်စေရန် Java Programming Language ကိုသင်ကြားပေးမည်ဖြစ်ပြီး Mobile/Android & Web base Application များ ဖန်တီးရေးသားနိုင်ရန် Web base Technology များ၏ အခြေခံအကျဆုံးဖြစ်သော HTML, CSS ဘာသာရပ်များ၊ Application များရေးသားရာတွင် လျင်မြန်လွယ်ကူသော C#.net Programming, Application ရေးသားရာတွင်လိုအပ်သော data များကို ထည့်သွင်းမှတ်သားနိုင်ရန် Database ဘာသာရပ်နှင့် Computer Principle ကိုသိရှိစေရန် Hardware Knowledge များကို ထည့်သွင်း သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Professional software developer သင်တန်းများဖြစ်သည့် Java (JSE/JEE), C#(C#.Net/ASP.net C#), Android နှင့် PHP Developer အတန်းများသို့ ဆက်လက်တက်ရောက်နိုင်ရန် စနစ်ကျသော အခြေခံကောင်းများရရှိမည်ဟု သိရသည်။ 
သင်တန်းကာလအနေဖြင့် သုံးလကြာမြင့်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက DATA WORLD Computer Training Center ဖုန်း ၀၉ ၂၅၄၀၆၅၅၀၇၊ ၀၉-၃၃၀၉၄၆၇၇ နှင့် ၀၉-၇၃၀၅၃၇၁၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

Comments