RAM 6 GB နှင့် Samsung Galaxy C9 Pro ကို အိန္ဒိယနိုင်ငံတွင်မိတ်ဆက်


ပြီးခဲ့တဲ့အောက်တိုဘာလက Samsung ရဲ့ Galaxy C9 Pro စမတ်ဖုန်းများကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ဒီနေ့မှာတော့ ကုမ္ပဏီကနေ Galaxy C9 Pro စမတ်ဖုန်းများဟာ အိန္ဒိယနိုင်ငံဈေးကွက်ကိုရောက်ရှိလာတော့မှာဖြစ်ကြောင်းကြေညာလိုက်ပါပြီ။ ဒီ C9 Pro စမတ်ဖုန်းများကို ဖေဖော်ဝါရီလအလယ်လောက်မှာ စတင်ရောင်းချမှာဖြစ်ပေမယ့် ကြိုတင်မှာယူချင်တယ်ဆိုရင်တော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ 36,900 ရူပီး နဲ့ စတင်မှာယူနိုင်ပါပြီ။ စမတ်ဖုန်းကို ကြိုတင်မှာယူသူတွေအတွက် Samsung ကနေ screen တစ်ကြိမ်အစားထိုးလဲလှယ်ခွင့်ပေးမှာဖြစ်ပြီး ဝယ်တဲ့နေ့ကနေ တစ်နှစ်အတွင်း အကြုံးဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ black နဲ့ Gold ရွေးလို့ရပါတယ်။ Galaxy C9 Pro ကိုတော့ ကြီးတဲ့ဖုန်းတစ်လုံးလို့ဆိုလို့ရပါတယ်။ ၆ လက်မအရွယ် Super AMOLED screen ကို Full HD resolution ရနိုင်မှာပါ။ သူက Samsung ကထုတ်သမျှဖုန်းတွေအားလုံးထဲမှာ RAM 6 GB ပါတဲ့ ပထမဦးဆုံးဖုန်းတစ်လုံးပါပဲ။ Qualcomm ရဲ့ Snapdragon 653 chipset ကို သုံးထားပြီး ရှေ့ကင်မရာနဲ့ နောက်ကင်မရာနှစ်ခုလုံးက 16 MP ကင်မရာတွေသုံးထားပါတယ်။ အလင်းဝင်ပေါက်ကတော့ f/1.9 ဖြစ်ပါတယ်။
ဗွီဒီယိုတွေ ဓာတ်ပုံတွေနဲ့ တခြားသောစိတ်ကြိုက်ဖိုင်တွေကိုသိမ်းဖို့ Storage က 64 GB ပါ။ ဒါနဲ့မှမလောက်သေးဘူးဆိုရင်တော့ microSD ကဒ်ကို 256 GB ထိ ထပ်စိုက်လို့ရပါသေးတယ်။ ဒီဖုန်းလေးကိုတော့ သတ္တုကိုယ်ထည်နဲ့ပြုလုပ်ထားပြီး ဘက်ထရီကတော့ 4,000 mAh ဖြစ်ပြီး အားအမြန်သွင်းနိုင်ပါတယ်။ ဒါ့ပြင် stereo စပီကာတွေနဲ့ လက်ဗွေဖတ်စနစ်ပါဝင်ပါတယ်။ Samsung ရဲ့သုံးနေကျ UI နဲ့အတူ Android Marshmallow ကိုသုံးထာဖြစ်ပါသည်။

Comments