Redmi ထုတ်ကုန်သစ် တစ်မျိုးကို ဇန်နဝါရီ ၁၉ တွင် အိန္ဒိယ၌ Xiaomi မိတ်ဆက်မည်


Xiaomi သည် ဇန်နဝါရီ ၁၉ ရက်တွင် အိန္ဒိယ၌ကျင်းပမည့် ထုတ်ကုန်မိတ်ဆက်ပွဲအတွက် ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။ အဆိုပါ ဖိတ်ကြားစာတွင် မိတ်ဆက်မည့် ထုတ်ကုန်သစ် အကြောင်းကို ဖော်ပြထားခြင်း မရှိသော်လည်း Redmi ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက် သွားမည်ဖြစ်ကြောင်း Xiaomi က လူမှုရေး မီဒီယာပေါ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းထုတ်ကုန်သည် Redmi Note 4 ဖြစ်ဖွယ်ရှိသည်။ ပြီးခဲ့သည့်နှစ်က အောင်မြင်မှုများ ရရှိခဲ့သော Redmi Note 3 နေရာဆက်ခံမည့် Redmi Note 4 တွင် သိသာထင်ရှားသည့် အပြောင်းအလဲအချို့ ပြုလုပ်ထားသည်။ ကျောဘက်ကင်မရာက 13 megapixel sensor သစ်ဖြစ်ပြီး PDAF နှင့် f/2.0 aperture ဖြင့် ရိုက်ကူးနိုင်သည်။ ဘက်ထရီကလည်း အရွယ်ကြီးမားသည့် 4100mAh ဘက်ထရီဖြစ်သည်။ တရုတ်နိုင်ငံတွင် ရောင်းချနေသည့် မော်ဒယ်တွင် MediaTek Helio X20 processor ကို အသုံးပြုထားသော်လည်း အိန္ဒိယတွင်ရောင်းချမည့် မော်ဒယ်တွင် Snapdragon 652 chipset ပါဝင်ဖွယ်ရှိသည်။

Comments