အရည်အသွေးမြင့် ကင်မရာပါဝင်ပြီး စွမ်းဆောင်ရည်မြင့်မားသော Samsung Galaxy A 2017


ပန်လည် ဆန်းသစ်ဖန်တီးထားသော နောက်ဆုံးပေါ် Galaxy A မျိုးဆက်သစ်စမတ်ဖုန်းများဖြစ်သော Samsung Galaxy A 2017 တွေကတော့ မျက်နှာပြင်အရွယ်အစား နှစ်မျိုးနှစ်စားရှိပါတယ်။ ၅.၇ လက်မအရွယ်အစားရှိ A7 စမတ်ဖုန်း နဲ့ ၅.၂ လက်မအရွယ်အစားရှိ A5 စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။
Galaxy A တွင် Samsung ၏ အစဉ်အဆက် အသုံးပြုလာသည့် အဆင့်မြင့် ဒီဇိုင်းအားအခြေခံ၍ အရည်အသွေးမြင့် သတ္တုဘောင် နဲ့ 3D ဖန်သားပြင်တွေကို ထည့်သွင်းအသုံးပြုထားပါတယ်။ အသုံးပြုရလွယ်ကူသော ကင်မရာ၊ Home Key ခလုတ်တို့လည်း ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာကြည့်မယ် ဆိုရင်လဲ တိကျသေချာတဲ့ autofocus နှင့်အတူ ပိုမိုကြည်လင်ပြတ်သား တည်ငြိမ်ပြီး၊ အလင်းရောင် အားနည်းသည့် အခြေအနေများတွင်ပင် စိုလွင်တောက်ပကာ ကြည်လင်ပြတ်သားသည့် ဓာတ်ပုံနှင့် Selfie များကို 16-megapixel အရည်အသွေးရှိ အရှေ့နှင့်အနောက်ကင်မရာများ ပါဝင်ပါတယ်။ ဖုန်းမျက်နှာပြင် မည့်သည့်နေရာကိုမဆို ထိတွေ့လိုက်ရုံနဲ့ အရည်အသွေးမြင့် ကြည်လင်ပြတ်သားသော high-resolution selfie ဓာတ်ပုံတွေကို floating ကင်မရာခလုတ်နှင့်အတူ လွယ်ကူစွာ ရိုက်ကူးနိုင်မည်မှာဖြစ်ပါတယ်။
ပိုမိုကြည်လင် တောက်ပသော ဓာတ်ပုံများရရှိနိုင်ရန်အတွက် ဖုန်းမျက်နှာပြင် display အား front flash အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Galaxy A တွင် ပါဝင်သော ကင်မရာတွင် အလွယ်တကူ ပွတ်ဆွဲလိုက်ရုံနဲ့ ဓာတ်ပုံမှာ effect တွေထည့်သွင်းနိုင်ရန် mode များကို လျင်မြန်စွာ ပြောင်းလဲနိုင်ခြင်း သို့မဟုတ် အဆင်သင့် filter များအား ပြောင်းလဲနိုင်သည့် ရိုးရှင်းသော လုပ်ဆောင်ချက်တွေလည်း ပါရှိပါတယ်။ ဓာတ်ပုံတွေကို အဆင်ပြေလွယ်ကူစွာ ပြင်ဆင်ပြောင်းလဲနိုင်ပြီး အရောင်ချိန်ညှိပေးနိုင်သော အစားအသောက်များရိုက်ကူးနိုင်တဲ့ Mode တွေလည်းပါရှိပါတယ်။
Galaxy A series စမတ်ဖုန်းများတွင် ပထမဆုံးအကြိမ်အနေဖြင့် မိုး၊ ချွေး၊ သဲ နှင့် ဖုန်ဒဏ်များအား ခံနိုင်ရည်ရှိစေရန် နှင့် စမတ်ဖုန်းများအား မည်သည့် လှုပ်ရှားသွားလာမှု သို့မဟုတ် အခြေအနေတွင်မဆို အနီးစပ်ဆုံး အသုံးဝင်သင့်တော်စေရန် ပြုလုပ်ပေးထားသည့် ရေဒဏ် နှင့် ဖုန်ဒဏ် ခံနိုင်စွမ်းရှိသည့် IP68 အား ထည့်သွင်းပေးထားသည်။
ဖုန်းတွင်း မှတ်ဥာဏ်နှင့်အတူ 256 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ရန် ပံ့ပိုးပေးထားသည့် microSD slot လည်းပါဝင်ပါတယ်။ Fast Charge အားသွင်းစနစ်ကိုလည်းထည့်သွင်းပေးထားပြီး အား အားသွင်းရာတွင် အခက်အခဲမရှိ အားသွင်းနိုင်သော လွယ်ကူသော ချိတ်ဆက်မှု အတွက် နှစ်ဖက်စလုံးအသုံးပြုနိုင်သော USB Type-C port ကိုထည့်သွင်းပေးထားပါတယ်။ အချိန် နှင့် ဖုန်းအားကုန် သက်သာစေမည့် ဖုန်းအားလော့ခ်ဖွင့်စရာ မလိုဘဲ အချိန်နှင့် ပြက္ခဒိန်များအား လွယ်ကူလျင်မြန်စွာ ကြည့်ရှုနိုင်သော Always On Display လည်းပါရှိပါသေးတယ်။ အချက်အလက်နဲ့ဓာတ်ပုံတွေကို Samsung Cloud ကနေ တစ်ဆင့် လွယ်ကူစွာ သိမ်းဆည်းနိုင်မှာဖြစ်ပြီး biometric authentication လက်ဗွေရာ လုံခြုံရေးစနစ်အား ထည့်သွင်းပေးထားပါတယ်။ Secure Folder အတွင်း လုံခြုံစိတ်ချစွာ အချက်အလက်များအား သိမ်းဆည်းထားနိုင်မှာပါ။
Galaxy A Series စမတ်ဖုန်းများကို အနက်ရောင်(Black Sky)၊ ရွှေရောင် (Gold Sand)၊ အပြာရောင် (Blue Mist) နဲ့ ပန်းရောင် (Peach Cloud) ဆိုတဲ့အရောင်လေးမျိုး ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပြီး Galaxy A5 ကို မြန်မာငွေ ၅၂၅,၀၀၀ ကျပ်၊ Galaxy A7 အား ၆၂၅,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Comments