Samsung ၏နောက်ဆုံးပေါ် Gear နာရီများကို iOS နှင့်တွဲဖက်အသုံးပြုနိုင်ပြီ


Samsung Myanmar မှ Samsung ၏ နောက်ဆုံးပေါ် Gear မျိုးဆက်သစ်ထုတ်ကုန်များဖြစ်သော Gear S3၊ Gear S2 နှင့် Gear Fit2 တို့အား iOS နှင့်အတူ စတင်တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ သုံးစွဲသူများအနေဖြင့် Gear S2 နှင့် Gear S3 အတွက် Samsung Gear S app အက်ပလီကေးရှင်း သို့မဟုတ် Gear Fit2 အတွက် Samsung Gear Fit app အက်ပလီကေးရှင်း အား Apple App Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်ပြီး iOS ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်ပြီဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ သက်ဆိုင်ရာ အက်ပလီကေးရှင်း အား ဒေါင်းလုတ်ပြုလုပ်ပြီးသောအခါ သက်ဆိုင်ရာ ဖုန်းနှင့် Samsung ၏ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များအား တွဲဖက်ချိတ်ဆက်အသုံးပြုနိုင်ရန် တစ်ဆင့်ချင်းစီ ညွှန်ကြားပြသပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
“သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အစဉ်အမြဲနားထောင်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့ ထုတ်ကုန်တွေကို ယူဆောင်လာပေးတာဟာ ကျွန်တော်တို့ Samsung ရဲ့ အစဉ်တစိုက်လုပ်ဆောင်နေတဲ့ ကြိုးပမ်းအားထုတ်မှုပါပဲ။ အခုလည်း သုံးစွဲသူတွေအားလုံးအဆင်ပြေလွယ်ကူစေဖို့ ပိုမိုကောင်းမွန်တဲ့ iOS ထောက်ပံ့မှုနဲ့အတူ အစဉ်အမြဲ ဆန်းသစ်လှပနေတဲ့ ဝတ်ဆင်မှုဆိုင်ရာနည်းပညာတွေကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းပေးထားလိုက်ပြီဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။
လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များသည် ထုတ်ကုန်အလိုက်ပြောင်းလဲမှုများသော်လည်း  iOS သုံးစွဲသူများအနေဖြင့် Samsung Gear S3 ၏ ဆန်းသစ်လှပ၍ စတိုင်ကျသော ဒီဇိုင်း၊  IP68 အဆင့်ရှိ ရေဒဏ်နှင့် ဖုန်ဒဏ်များခံနိုင်ရည်ရှိမှု တို့အပြင် GPS၊ Alti/barometer နှင့် Speedometer အက်ပလီကေးရှင်းများအားထည့်သွင်းပေးထားမှုတို့အား စိတ်တိုင်းကျအသုံးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။  Gear S3 အား မော်ဒယ် နှစ်မျိုးဖြစ်သည့် အကြမ်းခံနိုင်သော ဒီဇိုင်းနဲ့အတူ ဖန်တီးထားသည့် Gear S3 frontier နှင့် တန်ဖိုးကြီးနာရီများတွင်တွေ့နိုင်သည့် လှပကျော့ရှင်းသောဒီဇိုင်းအားထည့်သွင်းထားသည့် Gear S3 Classic ဟူ၍ ဒီဇိုင်းနှစ်မျိုးရှိသည်။ သုံးစွဲသူများအနေဖြင့် သွားလာလှုပ်ရှားခဲ့သော အကွာအဝေး နှင့် လမ်းကြောင်းများ၊ ပြေးလွှားမှု၊ ကယ်လိုရီလောင်ကျွမ်းမှု နှင့် နှလုံးခုန်နှုန်းအား လေ့လာမှတ်သားခြင်းဖြင့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုအား စောင့်ကြည့်နိုင်မည်ဖြစ်သည်။
### MMAS ###

Comments