Samsung ဟာ Gear S3 Classic ကို LTE ဗားရှင်းနဲ့ ထုတ်လုပ်လိုက်ခြင်း


Samsung ဟာ Gear S3 Classic ကို LTE ဗားရှင်းနဲ့ တရားဝင်ကြေညာလိုက်ပါပြီ။ အခုလိုမလုပ်ခင်အချိန်က Gear S3 fans တွေအတွက် LTE-enabled option ကို အရင် edition တွေမှာ သုံးခဲ့ရပါတယ်။ အခုတော့ စမတ်နာရီဟာ တောင်ကိုရီးယားရဲ့ SK Telecom ကို exclusive အနေနဲ့ ရရှိခဲ့ပါတယ်။ ဘယ်လောက်နဲ့ရောင်းချခဲ့သလဲဆိုတော့ ၀မ် ၄၅၁၀၀၀ ဒေါ်လာနဲ့ဆိုရင်တော့ ၃၉၀ ဒေါ်လာဖြစ်ပါတယ်။
SK Telecom ဟာ  Samsung နဲ့အတူ နာရီမျက်မှာပြင်သုံးမျိုး ထုတ်လုပ်ပေးခဲ့ပြီး Gear S3 Classic LTE ကို သာမန်နာရီနဲ့တူစေခဲ့ပါတယ်။ night light mode လိုမျိုး ကောင်းမွန်တဲ့ပုံစံတွေနဲ့ ထွက်လာခဲ့ပါတယ်။ အဲဒီနာရီမျက်နှာပြင်သုံးမျိုးဟာ အခုထွက်လာတဲ့ စမတ်နာရီမှာ ပါဝင်ပြီး Galaxy Apps Store ကနေလည်း download ပြုလုပ်ပြီး သုံးနိုင်ပါတယ်။
အခုအချိန်မှာတော့ Gear S3 Classic LTE မှာ SK Telecom ကို exclusive အနေနဲ့ မြင်ရမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။ တောင်ကိုရီးယား ဒါမှမဟုတ် အခြားဈေးကွက်ကို ရောက်လာမလားဆိုတာလည်း မသိသေးပါဘူး။ မျှော်လင့်ရတာကတော့ မကြာခင်မှာ သိရပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ SK Telecom ဟာ “Gear Happiness Compensation Program” လို့ခေါ်တဲ့ ၀မ် ၅၀၀၀၀ လျှော့ပေးတဲ့ အစီအစဉ်ကို ပေးနေပါတယ်။ ၄၃ဒေါ်လာလောက် ရှိပါတယ်။ ဒါကြောင့် Gear S3 Classic LTE စမတ်နာရီ အသစ်ဝယ်သူတိုင်းဟာ အခြား Gear S device တစ်လုံး ပြန်ရမှာပါ။ အဲဒီအစီအစဉ်ကိုတော့ မတ်လ ၃၁မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
စမတ်နာရီတွေဟာ အခုအချိန်ထိ ထွက်မလာသေးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ fan တွေကတော့ ကမ္ဘာနဲ့အနှံ့ ရှိနေပါပြီ။ ရွေးချယ်စရာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် Samsung Gear S3 ကတော့ အကောင်းဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ လည်နေတဲ့ဘောင်တွေက သုံးရတာ ပိုလွယ်သွားစေပါတယ်။ Android Wear 2.0 နဲ့အတူ LG နဲ့ပူးပေါင်းပြီးထုတ်လုပ်ထားတဲ့Google ရဲ့ စမတ်နာရီ နှစ်လုံးလောက်ကို မြင်ချင်ပါသေးတယ်။
(Myanmar Mobile App)

Comments