Sapphire glass, Snapdragon 821 နဲ့ ၅.၇ လက်မ QHD display တို့ပါဝင်တဲ့ HTC U Ultra


ကုမ္ပဏီရဲ့ အထင်ကရ စမတ်ဖုန်းဖြစ်တဲ့ U Ultra ကို HTC က ပွဲထုတ်မိတ်ဆက် ခဲ့ပါတယ်။
HTC U Ultra ကို အလူမီနီယံသတ္တုစပ်ကိုယ်ထည်နဲ့ ဖန်တီးထားပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် digital assistant ဖြစ်တဲ့ HTC Sense Companion ကို ထည့်သွင်းပေးထားပါတယ်။
အဆိုပါ စမတ်ဖုန်းသစ်မှာ LG V20 လိုမျိုး ၅.၇ လက်မ QHD display နဲ့အတူ ဒုတိယ screen တစ်ခုပါဝင်ပါတယ်။ Snapdragon 821 chipset ကို အသုံးပြုထားပြီး 4GB RAM, 64GB/128GB storage version များနဲ့ ရရှိနိုင်ပါတယ်။ MicroSD အထောက်အပံ့ ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။
ကျောဘက်မှာ 12MP UltraPixel ကင်မရာပါဝင်ပြီး f/1.9 lens, OIS တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာက 16MP ပါ။
ဘက်ထရီက 3,000mAh ဖြစ်ပြီး USB Type-C port ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။ ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်လာခြင်းမရှိဘဲ USonic နည်းပညာကြောင့် သုံးစွဲသူရဲ့ နားစည်နဲ့ ကိုက်ညီမယ့် အသံအရည်အသွေးကို equalizer လိုမျိုးချိန်ညှိပြီး နားဆင်နိုင်မယ်လို့ HTC က ပြောကြားခဲ့ပါတယ်။
U Ultra ရဲ့ တန်ဖိုးက ၇၄၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။ တင်ပို့ရောင်းချမှုကိုတော့ မတ်လကုန်ပိုင်းမှာ စတင်မယ်လို့ သိရပါတယ်။

Comments