Snapdragon 625 ပါဝင်တဲ့ Redmi Note 4 ကို Xiaomi မိတ်ဆက်


Snapdragon 625 ပါဝင်တဲ့ Redmi Note 4 ကို Xiaomi က အိန္ဒိယမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစမတ်ဖုန်းကို ဗားရှင်းသုံးမျိုးနဲ့ ရရှိနိုင်ပြီး တန်ဖိုးက 2GB/32GB အတွက် ၁၄၆ ဒေါ်လာ၊ 3GB/32GB အတွက် ၁၆၁ ဒေါ်လာနဲ့ 4GB/64GB အတွက် ၁၉၀ ဒေါ်လာ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။
Redmi Note 4 မှာ အလူမီနီယံဒီဇိုင်းနဲ့အတူ 2.5D curved glass ပါဝင်ပါတယ်။ ၅.၅ လက်မ 1080p IPS LCD, Snapdragon 625 ပရိုဆက်ဆာတို့နဲ့ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီက 4,100mAh ဖြစ်ပြီး Redmi Note 3 ထက် ၂၅ ရာခိုင်နှုန်းပိုမိုပါတယ်။
ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး phase detection autofocus နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ Dual SIM အထောက်အပံ့နဲ့ VoLTE ပါဝင်ပါတယ်။ Android Marshmallow ကို အခြေခံထားတဲ့ MIUI 8 နဲ့ အသုံးပြုနိုင်ပြီး Nougat update ကိုတော့ လက်ရှိမှာ စမ်းသပ်နေတယ်လို့ သိရပါတယ်။
ရွှေရောင်၊ မီးခိုးရောင်၊ အနက်ရောင်တို့နဲ့ ရရှိနိုင်တဲ့ Redmi Note 4 ကို ဇန်နဝါရီ ၂၃ ရက်ကစပြီး Mi.com နဲ့ Flipkart တို့ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Comments