Tizen 3.0 သုံးထားတဲ့ စမတ်ဖုန်း တစ်မျိုးကို Samsung ဖန်တီးနေ


Tizen ဟာ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်တွေ၊ တီဗီတွေနဲ့ Z-series စမတ်ဖုန်းတွေအတွက် Samsung ရဲ့ OS ဖြစ်ပါတယ်။ Samsung အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက Z3 Corporae Edition ကို မိတ်ဆက် ပေးခဲ့ပြီးတဲ့နောက် Tizen သုံးထားတဲ့ ထုတ်ကုန်တွေကို ထပ်မံမိတ်ဆက်ပေးခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ တောင်ကိုရီးယား ကုမ္ပဏီအနေနဲ့ Tizen 3.0 အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်မျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။
အဲ့ဒီဖုန်းကို Pride လို့ ခေါ်ဆိုထားပြီး မော်ဒယ်နံပါတ်က SM-Z250F ဖြစ်ပါတယ်။ ဒီဖုန်းကို အိန္ဒိယနဲ့ အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
အချက်အလက် အသေးစိတ်ကို မသိရှိရသေးပေမယ့် Galaxy S8 မှာ ပါဝင်လာဖွယ်ရှိတဲ့ Samsung ရဲ့ virtual assistant သစ်ဖြစ်တဲ့ Bixby ကို Tizen စမတ်ဖုန်းသစ်မှာ တွေ့မြင်ရမယ်လို့ သတင်းအချို့က ဖော်ပြခဲ့ပါတယ်။

Comments