Two Way Audio အသုံးပြုနိုင်မယ့် I-Home CCTV Camera


 ကင်မရာ အိမ်၊ ဆိုင်၊ ရုံးများအတွက်လုံခြုံမှု အတွက် အဆင်ပြေစေမယ့် I-Home CCTV Camera ပါ။ မော်ဒယ်အမှတ်ကတော့ IVC-IPDH15 ဖြစ်ပါတယ်။ ကင်မရာကို ၃၆၀ ဒီဂရီ အထိ လိုသလိုလှည့်ကာ မိမိလိုရာမြင်ကွင်းကို ကြည့်နိုင်ခြင်း၊ Two Way Audio ဖြစ်လို့ ဖုန်းဖြင့်ချိတ်ဆက်ကာ အပြန်အလှန်စကားပြောလို့ရနိုင်ခြင်း၊ Motion Detector လို့ခေါ်တဲ့ ရွေ့လျားမှုတစ်ခုရှိတာနဲ့ သတိပေး Alarm မြည်အောင်လုပ်ဆောင်နိုင်ပါတယ်။ လုံလောက်တဲ့ IR မီးလုံးတွေ ပါဝင်တဲ့အတွက် ညမြင်ကွင်းကိုလည်း ကြည်လင်စွာ မြင်ရမှာဖြစ်ပါတယ်။ ပြန်လည်ကြည့်ရှုရန် အတွက် Memory SD Card 128 GB အထိ ထည့်သွင်းနိုင်သလို Wifi Hotspot အား မိမိဖုန်းမှ တစ်ဆင့်ချိတ်၍ ကင်မရာအား Wifi မိသည့် အကွာအဝေးအတွင်း ထိန်းချုပ်နိုင်ပြီး Wifi မရသည့်နေရာတွင် 3G / ADSL/ Red Link အင်တာနက်စက်တစ်ခုခုနဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၀ယ်ယူလိုသူများအနေဖြင့် တန်ဖိုး ၇၆,၀၀၀ ကျပ်ဖြင့် ဖုန်း-၀၉ ၇၇၆၂၀၈၉၇၉ မှာဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Comments