USB ထုတ်ကုန်တွေကို ၉ ဆ ပိုမြန်တဲ့နှုန်းနဲ့ အားသွင်းပေးမယ့် Battery Pack


စမတ်ဖုန်း အပါအဝင် USB ထုတ်ကုန်တွေကို လျင်မြန်စွာ အားသွင်းပေးနိုင်မယ့် Nifty C PowerPod Battery Pack ဖြစ်ပါတယ်။
ဒီ battery pack ကို စမတ်ဖုန်းမှာ တပ်ဆင် အသုံးပြုတဲ့အခါ သာမန် charger တစ်ခုထက် ၆ ဆပိုမိုတဲ့ အမြန်နှုန်းနဲ့ အားသွင်းပေးပါလိမ့်မယ်။ GoPro လို အခြား USB ထုတ်ကုန်တွေနဲ့ အားသွင်းတဲ့ အခါမှာတော့ ၉ ဆ ပိုမိုလျင်မြန်စွာ အားသွင်း ပေးနိုင်မယ်လို့ ဆိုပါတယ်။ USB Type A အပြင် USB Type C ကိုလည်း အထောက်အပံ့ ပေးထားတာကြောင့် MacBook Pro သစ်ကိုတောင် အားသွင်းနိုင်ပါတယ်။ တန်ဖိုးက ၄၉.၉၉ ဒေါ်လာပါ။

Comments