အခမဲ့ Wifi စနစ် နေရာ ၂၀ တွင် စတင်အသုံးပြုနိုင်


အခမဲ့အသုံးပြုနိုင်မည့် ကြိုးမဲ့အင်တာနက်စနစ် (Wifi) အား ရန်ကုန်မြို့ရှိ နေရာ ၂၀ တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစနစ်ကို Global Technology မှ 5BB Broadband အမည်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် နေရာ ၅၀ အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် ရန်ကုန်မြို့အပြင် အခြားမြို့ကြီးများတွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"အခမဲ့ အသုံးပြုနိုင်မယ့်ဧရိယာကိုရောက်ရင် Login တွေ Password တွေမလိုဘဲနဲ့အသုံးပြုနိုင်မှာပါ၊ အများပြည်သူအသုံးပြုနိုင်မယ့်နေရာတွေမှာ တတ်နိုင်သမျှ တိုးချဲ့သွားမယ်” ဟု Global Technology Group ၏ CEO & Co-founder ဖြစ်သူ ဦးသိန်းသန်းတိုးကပြောသည်။
အခြားနေရာများတွင်တိုးချဲ့ရန် သက်ဆိုင်ရာနေရာများ၏ ခွင့်ပြုချက်တောင်းခံထားကြောင်းဆိုသည်။ လက်ရှိအသုံးပြုနိုင်သည့် နေရာ ၂၀ မှာ ရွေတိဂုံစေတီတော်၊ ဆေးတက္ကသိုလ် (၁)၊ နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ၊ Yangon International Airport၊ ရန်ကုန်ဘူတာကြီး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ကရ၀ိတ်ဥယျာဉ်ကမ္ဘာ၊ တပ်မတော်ခန်းမ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Ya Kun (Coffee & Toast)၊ ပုလဲကွန်ဒိုရှိ Lotteria၊ ခြောက်မိုင်ခွဲရှိ Lotteria၊ တရုတ်တန်းရှိ Lotteria ၊ Eatfinity Restaurant (Thai Food)၊ ဗဟန်းရှိ ရွှေကောင်းဟော့ပေါ့၊ DIY (BBQ& Hot Pot)၊ O-Shabu ၊ Harmony (လှိုင်တက္ကသိုလ်)၊ Café Milano၊ L A Bar၊ 7th Joint Bar & Grill တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာများတွင် 512 Kbps မှ 1 MB အထိ မြန်နှုန်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုသူ အ နည်းအများအပေါ်မူတည်၍ Bandwidth တိုးမြှင့်ပေးနိုင်ရန်ဆောင်ရွက်ထားကြောင်း ဆက်လက်ပြောကြားသည်။ လက်ရှိအသုံးပြုနိုင်သည့်နေရာများတွင် 5BB Free Wifi ဟူ၍ ပေါ်လာမည်ဖြစ်ပြီး ယင်းသို့ ဝင်ရောက်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

Comments