2017 iPhone သစ် သုံးမျိုးစလုံးတွင် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာမည်ဟုဆို


ဒီနှစ်အတွင်း ထွက်ရှိမယ့် iPhone သစ် သုံးမျိုးစလုံးမှာ ကြိုးမဲ့အားသွင်းစနစ် လုပ်ဆောင်ချက်တွေ ပါဝင်လာမယ်လို့ KGI Securities မှ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောကြားလိုက်ပါတယ်။
ကြိုးမဲ့အားသွင်းစနစ်ဟာ စမတ်ဖုန်းရဲ့ အတွင်းပိုင်းအပူချိန်ကို မြင့်တက်စေနိုင်တာကြောင့် အပူလွန်ကဲမှုကို ကာကွယ်နိုင်စေဖို့အတွက် OLED display နဲ့ glass casing ပါဝင်တဲ့ iPhone 8 မှာ 3D Touch module သစ်နဲ့အတူ graphite sheet lamination ကိုပါ တွေ့မြင်ရမယ်လို့ Kuo က ပြောကြားခဲ့ပါတယ်။
3D Touch module သစ်ဟာ Apple အတွက် ဖုန်းတစ်လုံးကို ၅ ဒေါ်လာစီ ပိုမိုကုန်ကျစေမယ်လို့ ဆိုပါတယ်။ အဲ့ဒီပမာဏဟာ နည်းပါးပေမယ့်လည်း သိသာထင်ရှားတဲ့ ဒီဇိုင်းပြင်ဆင်မှုနဲ့ ပရီမီယံ အစိတ်အပိုင်းတွေ အသုံးပြုထားတဲ့ high-end iPhone 8 က ဒေါ်လာ ၁,၀၀၀ ထက်မနည်း ကျသင့်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Comments