4,500mAh ဘက်ထရီပါဝင်တဲ့ LG X Power2 စမတ်ဖုန်း

LG ရဲ့ Android စမတ်ဖုန်းသစ်ဖြစ်တဲ့ X Power2 မှာ 4,500mAh non-removable ဘက်ထရီ ပါဝင်မယ်လို့ သိရပါတယ်။
အဲ့ဒီဘက်ထရီဟာ အင်တာနက် သုံးရာမှာ ၁၈ နာရီသုံးနိုင်ပြီး ၁၅ နာရီကြာ ဗီဒီယိုမနားတမ်း ကြည့်နိုင်မယ်လို့ LG က ပြောကြားခဲ့ပါတယ်။
X Power2 ဟာ mid-range ဖုန်းတစ်ခုဖြစ်ပြီး ၅.၅ လက်မ HD display နဲ့ 1.5GHz octa-core processor တို့ကို အသုံးပြုထားပါတယ်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး selfie ကင်မရာက 5MP ဖြစ်ပါတယ်။ RAM က 1.5GB/2GB ဖြစ်ပြီး သိုလှောင်မှုပမာဏ 16GB ဖြစ်ကာ microSD အထောက်အပံ့ ထည့်သွင်းပေးထားပါတယ်။
ဘက်ထရီ ပမာဏများပြားပေမယ့် တစ်နာရီအတွင်း ဖုန်းကို ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး အားအပြည့်သွင်းရင်တော့ ၂ နာရီကြာမြင့်တယ်လို့ LG က ပြောကြားပါတယ်။
X Power2 ကို Mobile World Congress မှာ ကြေညာပြီး မတ်လအတွင်း လက်တင်အမေရိကမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အမေရိကန်၊ အာရှ၊ ဥရောပနဲ့ အခြားဒေသတွေမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

Comments