9-Axis Inertial Motion Controller တွဲဖက်ပါဝင်သည့် Mi VR Headset ပြည်တွင်းဈေးကွက်ဝင်


Touch-controls စနစ်အနေဖြင့် VR Headset ကို အသုံးပြုကာ မိုဘိုင်းဖုန်းဂိမ်းများကို ဆော့ကစားနိုင်မည့် 9-Axis Inertial Motion Controller တွဲဖက်ပါဝင်သည့် Mi VR Headset ကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။
“ဒီ MI VR က 9 axis inertial motion controller လည်းပါဝင်ပြီး လက်နဲ့ဝှေ့ယမ်းပြီး ဂိမ်းတွေ ဆော့တာမျိုးတွေ စတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Games တွေကတော့ China Version မှပဲ ဆော့လို့ ရနိုင်မှာဖြစ်ပါတယ်။ သူ့အတွက် ထုတ်ထားတဲ့ Official app ကို သုံးပြီး VR 2D/3D ရုပ်ရှင်ကြည့်တာတွေနဲ့ ဂိမ်းတွေ ဆော့ကစားတွေကိုလည်း အသုံးပြုနိုင် မှာပါ။  Xiaomi MI5, MI5s, MI5s Plus, MI Note 2 အစရှိတဲ့ Snapdragon 820/821 Soc နဲ့ Adreno 530 graphics support ဖြစ်တဲ့ Devices တွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး USB Type-C Port လည်း ပါဝင်ပါတယ်။ Headgear ပါဝင်တဲ့အ တွက် ခေါင်းပေါ်မှာ သက်သောင့်သက်သာရှိပြီး မိမိရဲ့ခေါင်းနဲ့ လုံးဝကို Fitting ဖြစ်နေအောင် ​ဝတ်ဆင်လို့ ရပါတယ်” ဟု Win Mobile World မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဝင် ရောက်လာသည့် Mi VR ကို Xiaomi Mi5, Mi5s, Mi5s Plus, Mi Note 2  စသည့် Snapdragon 802/821 Soc နှင့် Adreno 530 ဂရပ်ဖစ်အထောက်အပံ့ ပါဝင်သည့် Xiaomi စမတ်ဖုန်းများဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး Type-C Port ပါဝင်သည့် Xiaomi MIUI 8.1.3, 8.0.1.3, 8.0.1.2, 8.1.8  စနစ်သုံးဖုန်းများဖြင့်လည်း တွဲဖက်အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ အခြား ဖုန်းများဖြင့် အသုံးပြုပါက 2D နှင့် 3D VR ဗီဒီယိုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ၎င်း MI VR  မှာ အဖြူရောင် တစ်မျိုးတည်းသာ ရှိပြီး တန်ဖိုး ၆ဝ,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် ဖုန်း ၀၉-၇၃၂၂၂၈၈၈ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Comments