Android အတွက် ရှောင့်သင့်တဲ့ app များ


တချို့သော app တွေကတော့ တကယ့်ကို အကျိုးမရှိပါဘူး။ သူတို့ဟာ အသံလေးနည်းနည်း၊ လှည့်စားချက်လေးနည်းနည်း နဲ့ အရောင်ဆန်းဆန်းလေးတွေနဲ့ လုပ်စားနေကြတာပါ။ တစ်နေ့ပြီးသွားတာနဲ့ သူတို့အသုံးမ၀င်ဘူးဆိုတာကို သိလာမှာပါ။ သူတို့ဟာ အသုံးဝင်သလိုလိုနဲ့ သင့်ရဲ့အချိန်တွေကို စားသုံးသွားမှာပါ။ ဒါကြောင့် ရှောင်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။
ပြောရမယ်ဆိုရင်တော့ သူတို့ပေးထားတဲ့ function တွေဟာ ပိုမိုကောင်းမွန်စေအောင် ထူးခြားတာမျိုး မရှိပါဘူး။

Abu Moo Collection

Google Play လင့်

Abu Moo collection ဟာဆိုရင် တကယ့်ကို အသုံးမ၀င်တဲ့ app ဖြစ်ပါတယ်။ အဲဒီ collection ထဲမှာ ခြောက်ခုပါဝင်ပြီးတော့ တစ်ခုချင်းစီကို ဒေါ်လာ၄၀၀ ကျသင့်ပါတယ်။ ဘာတွေများ လုပ်ပေးလို့လဲ။ ဘာမှလုပ်မပေးပါဘူး။ သူတို့ဟာ သင့်ရဲ့ app drawer ထဲမှာ ရှိတယ်။ သင့်ရဲ့ home screen မှာ gem widget တွေထားပြီးတော့ သင်ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကြွားနိုင်တယ်။ လင့်ကနေပြီးတော့ ကြည့်နိုင်ပါတယ်။ ၀ယ်ဖို့တော့ မထောက်ခံပါရစေနဲ့။

Clean Master

Price: Free

Clean Master ဆိုတာကတော့ သင့်ရဲ့ junk ဖိုင်တွေကို ရှင်းပေးပြီးတော့ သင့်ရဲ့ storage ကို နေရာများစေပါတယ်။ ကောင်းတာထက် ဆိုးကျိုးကို ပေးနိုင်တဲ့ feature တွေလည်း ပါဝင်နေပါသေးတယ်။ Clean Master နဲ့ အလားတူ app တွေဟာ function တွေကို boost လုပ်ပေးမယ် (တကယ်မလုပ်ပါဘူး) ၊ အသုံးမပြုတော့တဲ့ အလုပ်တွေကို Kill လုပ်မယ် (တကယ်မလုပ်ပါဘူး) ၊ ပြီးတော့ လုပ်ပေးမယ်ဆိုပြီး လုပ်မပေးတာတွေ အများကြီးပါပဲ။ ဒီအကြောင်းကိုလည်း ပို့စ်တစ်ခုမှာ တင်ပြခဲ့ဖူးပါတယ်။ ဒါတွေဟာ ဘတ်ထရီကို အားဘယ်လောက်ကျနေပါပြီဆိုတာမျိုးတွေကိုလည်း လိမ်တတ်ပါသေးတယ်။ ရှောင့်သင့်ပါတယ်။

Coloring Book apps with subscriptions

Price: Free with in-app purchases


အရောင်ခြယ် app တွေဟာ Android ရဲ့ ဈေးကွက်စနစ်ကို ထိုးဖောက်နေပါတယ်။ ဆိုးတာကတော့ တစ်ခုမှ မကောင်းတာပါပဲ။ အများစုဟာ Disney က အသစ်ထွက်တဲ့ဟာတွေကို ပြုလုပ်ထားပါတယယ်။ ပြီးတော့ လစဉ်ကြေးတွေကိုလည်း ကောက်တတ်ပါတယ်။ အဲဒီလို လုပ်ဆောင်ပါတယ်။ အခမဲ့ဆိုရင် နည်းနည်းသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လစဉ်ကြေးပေးမှာသာ အကောင်းတွေကို ရနိုင်မှာပါ။ တချို့တွေများဆိုရင် Netflix ၊ Hulu တို့နီးပါး ပေးရပါတယ်။ အဲဒီလို app တွေကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အရောင်ခြယ် app တွေကတော့ အဆင်မပြေလှပါဘူး။ သုံးဖို့အတွက် ဈေးကြီးလွန်းသလို အသုံးဝင်တယ်လို့လည်း မဆိုနိုင်ပါဘူး။

Fan cooler (and similar apps)

Price: Free

Fan Cooler လိုမျိုး app တွေဟာ ချစ်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း အကျိုးမရှိပါဘူး။ အဲဒီလို app တွေက သင့်ဖုန်းကို တခုခုလုပ်ပေးတယ်လို့ထင်ရသော်လည်း လုပ်မပေးနိုင်ပါဘူး။ လက်ဗွေရာဖတ်တဲ့စနစ်အတုတွေ၊ သတိပေးချက်အတုတွေ၊ ဖုန်းခေါ်ဆိုမှုအတုတွေ စတာတွေလည်း ပါဝင်နေပါတယ်။ တစ်ကြိမ်နှစ်ကြိမ်လောက် အရူးလုပ်ခံရပြီးရင်တော့ Uninstall လုပ်မိတတ်ပါတယ်။ သူတို့ရဲ့ ဇာတ်သိမ်းကတော့ ဒါပါပဲ။ ဘယ်သူကမှ သုံးကြိမ် လေးကြိမ် အရူးလုပ်မခံချင်ကြပါဘူး။

Hold On (and similar games)

Price: Free
Hold On လိုမျိုး app တွေဟာ အတော့ကို အကျိုးမရှိတာပါ။ အဲဒီလိုဂိမ်းတွေဟာ အရမ်းကိုရိုးရှင်းပါတယ်။ Hold On ဟာ သင်ဘယ်လောက်အထိထိန်းနိုင်မလဲဆိုတာကို စမ်းသပ်ခြင်း ဖြစ်ပါတယ်။ Flappy Bird လိုမျိုး ဂိမ်းတွေကနေ ကွဲထွက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိန်ခေါ်မှု သိပ်မရှိလို့ပါပဲ။ ဒါသာ အချိန်ဖြုန်းနေတာပဲ ဖြစ်ပါတယ်။

Human to Animal translators (and similar apps)

Price: Varies

မကောင်းတဲ့ app တွေကို random ပြောနေခြင်း ဖြစ်ပါတယ်။ လူနဲ့ တိရိစ္ဆာန်ကြားက ဘာသာပြန် app တွေ များစွာရှိပါတယ်။ အသံတွေများစွာရှိပါတယ။် သေချာတာကတော့ အဲဒီလို အသံတွေကို အိမ်မွေးတိရိစ္ဆာန် စတိုးဆိုင်နေတောင် ရနိုင်ပါတယ်။ ဒီလို app မျိုးကို အသုံးမ၀င်ဘူးလို့ ပြောပေမယ့်လည်း ကလေးတွေပညာရေးအတွက် တိရိစ္ဆာန်အသံလေးတွေကို ထည့်ပေးထားတဲ့ဟာမျိုးကိုတော့ မပြောပါဘူး။

မကောင်းဆုံး app

Price: Free

အဲဒီလို app မျိုး ပွထနေတယ်ဆိုတာတောင် သင်မသိနိုင်ပါဘူး။ Abu Moo နဲ့ မတူတာကတော့ ခလုတ်တစ်ခုနဲ့ လင့်ကို ခေါ်သွားမယ့်ပုံစံလုပ်ထားပြီးတော့ တကယ်တော့ ဘာမှဖြစ်မလာပါဘူး။ သူတို့ဟာ အသုံးမ၀င်တဲ့ widget တွေနဲ့ လာတတ်ပါတယ်။ အနည်းဆုံးတော့ သူတို့ပြောထားတာတွေကို လုပ်ဆောင်ပေးပါတယ်။ အသုံးမ၀င်တောင်မှပေါ့လေ။ အံ့တော့အံ့သြစရာကောင်းပါတယ်။

Stupid IQ Quizzes

Price: Free

Android မှာ quiz app နှစ်မျိုးပဲ ရှိပါတယ်။ တစ်ခုကတော့ မေးခွန်းတွေနဲ့ သင့်တော်တဲ့ အဖြေကို ရွေးရတာပါ။ အဲဒီလို IQ တွေမှာ အဖြေမှန်မရှိတဲ့မေးခွန်းမျိုးတွေ မေးတာလည်း ရှိတတ်ပါတယ်။ Facebook ပေါ်မှာ လူပေါင်း ၉၀၀၀ က မတူညီတဲ့အဖြေကိုဖြေခဲ့ကြပေမယ့် သူတို့ရဲ့အဖြေတွေဟာ မှားနေတယ်ဆိုတာကို ပြန်သိစေခဲ့ပါတယ်။ တစ်ယောက်ကသာ မှန်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ်ချက်မျိုးတွေအတွက် ခိုးတဲ့ code တွေကို သိတတ်ကြပါတယ်။ ဒီတော့ ဖျက်လိုက်တာက အဖြေမှန်ပါပဲ။

Tickle Me Timmy (and similar apps)

Price: Free

Tickle Me Timmy ဟာ သင့်ဖုန်းကို လူတွေလို လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်ထားပါတယ်။ သင့်ရဲ့ဖုန်းကို ကလိယားထိုးလိုက်တာနဲ့ သူက ရယ်ပါလိမ့်မယ်။ နောက်ဆုံးတော့လည်း uninstall လုပ်ပစ်ရတတ်ပါတယ်။ သူတို့တွေဟာ လူကြားထဲမှာ မသုံးသင့်တဲ့ app တွေ ဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းဟာ လူမဟုတ်ပါဘူး။ အနည်းဆုံးတော့ အခုအချိန်မှာ မဟုတ်သေးပါဘူး။ Google Assistant လိုမျိုး ကောင်းတာကို သုံးနိုင်ပါတယ်။ 
Yo
Price: Free

Yo ကို မှတ်မိတဲ့သူများ ရှိပါသလား။ မဟုတ်ဘူးဆိုရင်တော့ သတိပေးလိုက်ပါဦးမယ်။ သင့်ကို Yo လို့ ပြောပေးမယယ့်  messaging app ဖြစ်ပါတယ်။ သူဟာ စစချင်းတော့ ပျော်စရာအကြံတချို့ရှိခဲ့ပါတယ်။ ၂၀၁၅ မှာတော့ နောက်ဆုံး update ထုတ်ခဲ့ပါတယ်။ Google Allo ထွက်လာချိန်မှာတော့ လူတိုင်းက အဲဒါကို အသုံးမ၀င်တဲ့ app လို့ ပြောခဲ့ကြပါတယ်။ ရှင်းပါတယ်။ ဒါဟာ လူတိုင်း Yo ကို မေ့နေတယ်ဆိုတာကို။

Comments