Android အတွက် အကောင်းဆုံး applock ဆယ်ခု


Applock ဆိုတာကတော့ လုံခြုံရေး appတွေရဲ့ မူလအစ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အလုပ်လုပ်ပုံကတော့ သင့်ရဲ့ အခြားသော app တွေကို ချောင်းမြောင်းကြည့်ရှုသူများရန်မှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် သင့်ရဲ့ Facebook ၊ gallery app သို့မဟုတ် banking app ကို တစ်ယောက်ယောက်က သုံးလို့ရတာမျိုးဖြစ်နေမှာ စိတ်ပူစရာမလိုတော့ပါဘူး။ သူတို့ဟာ lock screen နဲ့ ယှဉ်မယ်ဆိုရင် အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ထပ်ကာကွယ်ပေးထားလို့ပါပဲ။ ဘယ်တစ်ခုက ပိုသုံးလို့ကောင်းမလဲ။ ဟုတ်ပါပြီ။ အခုပဲ သင်တို့ကို Android အတွက် အကောင်းဆုံး applock တွေနဲ့ မိတ်ဆက်ပေးတော့မှာပါ။

AppLock

ဈေးနှုန်း : အခမဲ့ / Optional donation
DoMobile Lab ရဲ့ Applock ကိုတော့ အကောင်းဆုံးထဲကတစ်ခုလို့ သတ်မှတ်ထားပါတယ်။ အဲဒီ app ဟာ သီးသန့် app တွေကို lock လုပ်ပေးနိုင်ပါတယ်။ အများအခေါ်အရဆိုရင် သော့ခတ်သိမ်းထားတယ်ပေါ့။ ကျွန်တော်ကတော့ lock လို့ပဲ သုံးသွားပါမယ်။ သူဟာ ပုံတွေနဲ့ ဗွီဒီယိုတွေကိုလည်း lock လုပ်ပေးနိုင်ပါတယ်။ နောက်ထပ်ပါဝင်တာတွေကတော့ uninstall protection ၊ fingerprint support နဲ့ အ၀င်ဖုန်းများ ၊ uninstalling apps နဲ့ Bluetooth လိုမျိုး system functions အမျိုးမျိုးကိုတောင် Lock လုပ်နိုင်ပါတယ်။ အခမဲ့ဒေါင်းလုတ်ဆွဲပြီး သုံးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ads တွေကို enable လုပ်ပြီးသော်လည်းကောင်း premium version ကို donation လုပ်ပြီးသော်လည်းကောင်း premium features တွေကို unlock လုပ်နိုင်ပါတယ်။ သူဟာ အတော်ကောင်းမွန်တဲ့ app တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့ အကြိုက်ဆုံး app တစ်ခုလည်း ဖြစ်ပါတယ်။

AppLock (by IvyMobile)

ဈေးနှုန်း : အခမဲ့
AppLock ဟာ Android ပေါ်မှာရနိုင်တဲ့ နောက်ထပ် ကောင်းတဲ့ applock တစ်ခုဖြစ်ပါတယ်။ သင်မြင်နိုင်တာကတော့ သင့်ရဲ့ဖုန်းမှာရှိတဲ့ ဘယ်appကိုမဆို ကောင်းကောင်း lock လုပ်နိုင်ပါတယ်။ သူဟာ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကိုလည်း lock လုပ်ပေးနိုင်စွမ်းရှိပါတယ်။ အဲဒီမှာ မမြင်ရတဲ့ pattern lock pattern lock ပါဝင်သလို random keyboard လည်းပါဝင်တဲ့အတွက် သင့်ရဲ့ဘေးနားက ချောင်းကြည့်နေရင်တောင် အတိအကျလိုက်မှတ်နိုင်မှာ မဟုတ်ပါဘူး။ theme တွေကိုလည်း ရနိုင်သလို icon တွေကိုလည်း ချိန်းနိုင်တဲ့အတွက် သင်ကြိုက်ရာ app ကို အလွယ်လေး ဖွက်နိုင်ပြီပေါ့။ သူဟာ သင့်ရဲ့ password ကို မှန်အောင်မဖွင့်နိုင်တဲ့သူတွေကို ဓါတ်ပုံရိုက်ထားနိုင်ပါသေးတယ်။ သူ့ကိုလည်း အခမဲ့ဒေါင်းလုတ်ဆွဲပြီး သုံးနိုင်ပါတယ်။ ဒါကြောင့်ပဲ အကောင်းဆုံးထဲမှာ ပါနေတာပေါ့။

AppLock – Fingerprint Unlock

ဈေးနှုန်း : အခမဲ့
AppLock – Fingerprint Unlock ကတော့ Cheetah Mobile(Clean Master ပြုလုပ်သူ) မှ ဖန်တီးထားတာဖြစ်ပြီးတော့ ads တွေ၊ antivirus ၊ booster features နဲ့ အဲဒီလိုမျိုးတွေ မပါဝင်တဲ့ app တစ်ခုလည်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ applock လေးက fingerprint scanner ကို အသုံးပြုပြီးတော့ app တွေကို lock လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ app ဟာ WiFi ၊ Bluetooth ၊ အ၀င်ဖုန်း၊ uninstallations ၊ settings နဲ့ အခြားအရာတွေကိုလည်း lock လုပ်နိုင်ပါတယ်။ ဒါဟာ ကလေးတွေနဲ့ သူငယ်ချင်းတွေအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းအခိုးခံရရင်တော့ အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။

App Locker

ဈေးနှုန်း : အခမဲ့
App Locker ဆိုတဲ့ နာမည်လေးက ရိုးရှင်းသော်လည်း အလုပ်ကောင်းကောင်းလုပ်နိုင်ပါတယ်။ သူဟာ pattern lock ပါသလို fingerprint လည်းပါဝင်ပါတယ်။ သင့်ရဲ့ဖုန်းမှာ scanner ပါရင်တော့ သုံးလို့ရအောင် ပြုလုပ်ပေးထားသလို မပါရင်လည်း အခြားတစ်ခုကို သုံးနိုင်အောင် စီစဉ်ထားပေးတာကို မြင်ရမှာပါ။ apps နဲ့ settings တွေကို လုံခြုံစိတ်ချရအောင် ပြုလုပ်ပေးသလို ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကိုလည်း လုံခြုံနိုင်ပါတယ်။ Material Design guidelines ကောင်းကောင်းကိုလည်း သုံးထားပါတယ်။ ဒီဇိုင်းက လှပပြီးတော့ theme တွေလည်းပါဝင်လို့ သင့်အကြိုက်အလိုက် ပြောင်းနိုင်ပါသေးတယ်။ developer တွေကတော့ တချို့သော Huawei နဲ့ Xiaomi ဖုန်းတွေမှာ အလုပ်မလုပ်နိုင်ဘူးဆိုတာကိုတော့ သတိပေးထားပါတယ်။ နောက်တစ်ခုက ဒီစနစ်ဟာ သူခိုးတွေအချိန်လုံလုံလောက်လောက်ရမယ်ဆိုရင်တော့ ကျော်ဖြတ်နိုင်တယ်ဆိုတာပါပဲ။ ဒါလေးကိုတော့ စိတ်ထဲမှတ်ထားဖို့ လိုပါတယ်။

App Lock: Fingerprint Password

ဈေးနှုန်း : အခမဲ့ / ၀.၉၉ ဒေါ်လာ
App Lock: Fingerprint Password ဟာလည်း ရိုးရှင်းပြီးတော့ ရှင်းလင်းတဲ့ applock တစ်ခု ဖြစ်ပါတယ်။ သူဟာ app အကုန်နီးပါးကို lock လုပ်နိုင်ပြီး PIN ၊ pattern ၊ fingerprint တွေကိုလည်း သုံးနိုင်ပါသေးတယ်။ ဘာသာစကားဆယ်မျိုးထက်ပိုပြီးတော့ support ပေးနိုင်သလို အမျိုးမျိုးသော settings တွေလည်း ပါဝင်ပါတယ်။ သူဟာ ဒေါင်းလုတ်ဆွဲပြီးတဲ့ app အသစ်တွေကိုလည်း lock လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အခမဲ့ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။ pro version မှာတော့ feature အားလုံးကို သုံးနိုင်မှာ ဖြစ်ပါတယ်။

Norton App Lock

ဈေးနှုန်း : အခမဲ့
Norton ဆိုတဲ့နာမည်ကတော့ antivirus app တွေမှာ နာမည်ကြီးပါပဲ။ ဒါ့အပြင်ကိုပဲ အခမဲ့ app lock app ကိုလည်း ဖန်တီးပေးထားပါတယ်။ သူဟာ four digit PIN ၊ password ၊ pattern တွေကို အသုံးပြုထားပါတယ်။ photos alongside apps တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ပြီးတော့ သူ့မှာ ဘယ် app တွေကို lock လုပ်သင့်တယ်ဆိုတာကို အကြံပေးမှုတွေ ပါဝင်ပါတယ်။ ဒါဟာ အလွယ်တကူ အသုံးပြုနိုင်တဲ့ feature တစ်ခုဖြစ်လို့ အများစု ကြိုက်နှစ်သက်မှာ သေချာပါတယ်။ သင့်ဖုန်းကို အသုံးပြုဖို့ ကြိုးစားသူမှန်သမျှကို ဓါတ်ပုံရိုက်ထားပေးမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုလုပ်တဲ့သူကသာ တော်မယ်ဆိုရင်တော့ အသာလေး ကျော်ဖြတ်နိုင်မှာပါ။ ဒါပေမယ့်လည်း သူက ကောင်းမွန်တဲ့ app တစ်ခု ဖြစ်နေဆဲပါပဲ။

Perfect App Lock

ဈေးနှုန်း : အခမဲ့ / ၂.၈၄ ဒေါ်လာ
Perfect App Lock ကလည်း ကောင်းမွန်တဲ့ app တစ်ခုပါပဲ။ သူ့မှာ WiFi ၊ Bluetooth နဲ့ အခြားသော toggles ခလုတ်တွေကို lock လုပ်ပေးနိုင်တဲ့ feature ပါဝင်ပါတယ်။ သူဟာ အတုအယောင် မက်ဆေ့ခ်ျတွေပြပြီးတော့ ဒီ app ဟာ error တက်နေပါတယ်ဆိုပြီးတာ့ သင် lock လုပ်ထားတဲ့ app ကို သုံးမရအောင် လှည့်စားပေးပါတယ်။ အခမဲ့နဲ့ အခပေးဆိုပြီးတော့ နှစ်မျိုးရှိပေမယ့် feature ခြင်းကတော့ အတူတူပါပဲ။ ကွဲပြားတာကတော့ ကြော်ငြာမပါခြင်းပါပဲ။ သုံးလို့ကောင်းပြီး အသုံးဝင်တဲ့ feature တွေ ပါဝင်ပါတယ်။

Smart AppLock

ဈေးနှုန်း : အခမဲ့
Smart AppLock ကလည်း အခမဲ့ အသုံးပြုလို့ကောင်းတဲ့ app တစ်ခု ဖြစ်ပါတယ။် သူဟာ app နဲ့ ဓါတ်ပုံတွေသာမကဘဲ settings ၊ toggles နဲ့ ဖုန်းအ၀င်မှတ်တမ်းတွေကိုလည်း လုံခြုံအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ သူဟာ lock screen ပုံစံ ဟန်ဆောင်ထားတဲ့အတွက် သင်မဟုတ်တဲ့သူတွေအနေနဲ့ Home ကို ပြန်ရောက်သွားတယ်လို့ ခံစားရနိုင်ပါတယ်။ ပြီးတော့ သူ့မှာဆိုရင် အလိုအလျောက်စတင်တဲ့ reboot ၊ ထိုးဖောက်နေပြီဆိုတာ ပြတဲ့ အသိပေးချက်များ၊ app lock အတွက် delay နဲ့ Samsung ဖုန်းတွေအတွက်တော့ fingerprint scanner လည်း ပါဝင်ပါတယ်။ မကောင်းတဲ့အချက်ကတော့ တစ်ယောက်ယောက်ကများ ဒီ app ဘယ်မှာ ရှိသလဲဆိုတာသိရင်တော့ uninstall လုပ်ဖို့ လွယ်ကူခြင်းပါပဲ။

SpSoft AppLock

ဈေးနှုန်း : အခမဲ့ / ၄.၉၉ ဒေါ်လာ
SpSoft AppLock ကလည်း ကောင်းတဲ့ app လို့ ဆိုနိုင်ပါတယ်။ သူ့မှာ password ၊ pattern နဲ့ fingerprint တွေ အသုံးပြုထားပါတယ်။ သတင်းကောင်းကတော့ fingerprint scanners မှာ ရှိပါတယ်။ အခြားသောအရာတွေလိုပဲ သူ့မှာ password မှားရိုက်တဲ့သူတွေကို ဓါတ်ပုံရိုက်ထားပေးမှာပါ။ နည်းနည်းပျော်စရာကောင်းတာလေးတွေလည်း ရှိပါသေးတယ်။ pattern unlock ကို သာမန် 3×3 မဟုတ်ဘဲ 18×18 အထိ ပြောင်းလဲနိုင်တဲ့အတွက် အကွက်ဆန်းဆန်းလေးတွေ ဖော်နိုင်သလို ချိုးဖောက်မယ့်သူကလည်း ခေါင်းစားရတော့မှာ အသေအချာပါပဲ။ အတုအယောင်မက်ဆေ့ခ်ျတွေကိုလည်း သင်လိုချင်ရင် ပြုလုပ်နိုင်ပါသေးတယ်။ နောက်ထပ်ကောင်းမွန်တာတစ်ခုကဘာလဲဆိုတော့ ဘာသာစကား ၃၀ ထက်ပိုပြီး ထောက်ပံ့ပေးထားခြင်းပါပဲ။

Vault

ဈေးနှုန်း : in-app purchases
Vault ဆိုတာကတော့ function ပိုပြီးများတဲ့ app တစ်ခုလို့ ဆိုရမှာပါ။ သာမန် applock feature တွေအပြင် SMS ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ ဖုန်းစာအုပ်၊ ဖုန်းအ၀င်မှတ်တမ်း၊ အခြားသောအကြောင်းအရာတွေကိုလည်း lock လုပ်နိုင်ပါတယ်။ ထပ်ပြီးတော့ privacy browser ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ SMS အတွက် cloud backup နဲ့ data transfer services တွေကိုလည်း ပေးထားပါတယ်။ အတုအယောင် vault ကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ထားနိုင်ပါသေးတယ်။ ရှာရခက်အောင် ဖွက်ထားတာမျိုး၊ သတိပေးချက်ထုတ်ပြန်တာမျိုးတွေလည်း သုံးနိုင်မှာပါ။ အခြားအရာတွေကိုပါ သုံးချင်တယ်ဆိုရင်တော့ ဒါလေးက သင့်အတွက် အဆင်ပြေစေမှာပါ။ အတော်များများလည်း သုံးနေကြတယ်လို့ ယူဆမိပါတယ်။

Comments