Android အတွက် Project Rome SDK ကို Microsoft ဖြန့်ချိ


Android ဟာ စမတ်ဖုန်းအတွက် လူသုံးအများဆုံး operating system ဖြစ်ပေမယ့် ကွန်ပျူတာဈေးကွက်မှာတော့ Microsoft က Windows OS နဲ့အတူ ဈေးကွက်ကို စိုးမိုးထားဆဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ဖြန့်ချိပေးခဲ့တဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Windows 10 ဗားရှင်းကို လက်ရှိမှာ ကမ္ဘာတစ်ဝန်းက ကွန်ပျူတာ ၂၀ ရာခိုင်နှုန်းပေါ်မှာ အသုံးပြုနေပါတယ်။ Windows 10 ဗားရှင်းအချို့ကို အသုံးပြုထားတဲ့ ထုတ်ကုန်အရေအတွက် သန်း ၄၀၀ ကျော် ရှိတယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဒီနေ့မှာတော့ Microsoft က Project Rome လို့ခေါ်တဲ့ Android app SDK ပထမဆုံးဗားရှင်းကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒီ Android app SDK ဟာ Windows 10 ကွန်ပျူတာရဲ့ အစိတ်အပိုင်းအချို့ကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်မယ့် software ကို developer တွေက ဖန်တီးနိုင်စေမယ်လို့ ဆိုပါတယ်။ SDK အသုံးပြုတဲ့ ဘယ် app မဆို Microsoft account တစ်ခုနဲ့ log in လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အဲ့ဒီနောက် Project Rome အထောက်အပံ့ပါတဲ့ app တစ်ခုက Windows 10 ကွန်ပျူတာတစ်လုံးကို ရှာဖွေဖို့အတွက် local network ကို scan လုပ်မှာဖြစ်ပါတယ်။ App က ကွန်ပျူတာ တစ်လုံးကို ရှာတွေ့တဲ့အခါ Windows 10 app တစ်ခုကို ဖွင့်ခြင်း၊ URL တစ်ခု ရိုက်ထည့်ပြီး website တစ်ခု ဖွင့်ခြင်းတို့ကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
အနာဂတ်မှာတော့ စမတ်ဖုန်းတစ်လုံးကနေ တိုက်ရိုက်ထိန်းချုပ်နိုင်မယ့် Android app တွေအတွက် နည်းလမ်းတစ်ခု ထည့်သွင်းသွားဖို့ Microsoft က စီစဉ်နေပါတယ်။ ဥပမာအနေနဲ့ သုံးစွဲသူ တစ်ယောက်က သူ့ရဲ့ Android app ကို ဖွင့်ပြီး media player တစ်ခုကနေတစ်ဆင့် သူ့ရဲ့ Windows 10 ကွန်ပျူတာပေါ်က ရုပ်ရှင်တစ်ခုကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီ feature ကို အနာဂတ် Project Rome SDK ဗားရှင်းတစ်ခုမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီ feature သစ်ဟာ Windows 10 ကွန်ပျူတာပေါ်ကနေ Android app တွေကို ထိန်းချုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
Microsoft ရဲ့ ပထမဆုံး Project Rome Android SDK ဗားရှင်းကို GitHub ကနေတစ်ဆင့် download လုပ်နိုင်ပါတယ်။

Comments