ဒီဇင်ဘာလောက်ကတည်းက Android TV တွေပေါ်က Play Store ဟာ စိတ်ပျက်စရာကောင်းတဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ app categories အများကြီးထဲက တစ်ခုကိုရွေးချယ်တဲ့အချိန်မှာ ‘Action Games’ နဲ့ ‘News’ အပါအ၀င် Play Store တစ်ခုလုံးဟာ crash ဖြစ်သွားပါတယ်။ အခုဆိုရင်တော့ အဲဒီလိုမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။ ပြင်ဆင်လိုက်ပြီ ဖြစ်ပါတယ်။
အပေါ်က ဗွီဒီယိုကတော့ ဘယ်လိုမျိုးကြုံခဲ့ရသလဲဆိုတာကို ပြသထားခြင်းဖြစ်ပါတယ် (သတိပေးချက် သီချင်းသံကျယ်ခြင်း)။ ဒါဟာ သုံးစွဲသူတွေနဲ့ ထုတ်လုပ်သူ နှစ်ဦးနှစ်ဖက်စလုံးအတွက် ကြီးမားတဲ့ ကိစ္စရပ်ကြီးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Play Store ရဲ့ ဗားရှင်း 7.5.08.M ကတော့ အဆင်ပြေသွားတာကို တွေ့ရမှာပါ။ တကယ်လို့ အသုံးပြုချင်တယ်ဆိုရင်တော့ APK ဖိုင်ကို APKMirror မှ ရယူပြီးတော့ Android TV မှာ ထည့်လိုက်ပါ။ ထွက်ရှိလာတာကို စောင့်မနေပါနဲ့တော့။
### Credit Myanmar Mobile App...###
Comments
Post a Comment