Android Wear 2.0 အသုံးပြုထားတဲ့ စမတ်နာရီများကို LG မိတ်ဆက်


Google နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Watch Style နဲ့ Watch Sport စမတ်နာရီတို့ကို LG က မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီထုတ်ကုန် နှစ်မျိုးစလုံးဟာ Android Wear 2.0 အသုံးပြုထားတဲ့ ပထမဆုံး စမတ်နာရီများဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
LG Watch Style ဟာ အရွယ်သေးငယ်ပြီး ဈေးသက်သာတဲ့ ဗားရှင်းဖြစ်ပါတယ်။ စက်ဝိုင်းပုံစံ ၁.၂ လက်မ 360x360 resolution P-OLED display, ambient light sensor, Bluetooth/Wi-Fi တို့နဲ့ သုံးနိုင်ပါတယ်။ Snapdragon Wear 2100 chipset ကို အသုံးပြုထားပြီး 512MB RAM, 4GB storage တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီက 240mAh ဖြစ်ပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ပါတယ်။ Watch Style မှာ stainless steel ကိုယ်ထည်နဲ့ သားရေလက်ပတ်တို့ပါဝင်ပြီး IP67 အဆင့် ရေစိုဒဏ်ခံနိုင်ပါတယ်။ တန်ဖိုးက titanium နဲ့ silver အတွက် ၂၄၉ ဒေါ်လာဖြစ်ပြီး rose gold အတွက် ၂၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Watch Sport မှာတော့ ၁.၃ လက်မ 480x480 resolution P-OLED display, Snapdragon Wear 2100 chipset, 768 RAM, 4GB storage နဲ့ 430mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Bluetooth, Wi-Fi, LTE, GPS, NFC, heart rate monitor, barometer နဲ့ ambient light sensor တို့ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Watch Sport ရဲ့ ရေစိုဒဏ်ခံနိုင်တဲ့အဆင့်က IP68 ဖြစ်ပါတယ်။ တန်ဖိုးက ၃၄၉ ဒေါ်လာ ပါ။
Watch Style ကို Google Store အပြင် Best Buy ကနေလည်း ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ Watch Sport ကိုတော့ AT&T နဲ့ Verizon တို့ကနေ ရောင်းချမှာ ဖြစ်ပါတယ်။
အဲ့ဒီ စမတ်နာရီ နှစ်မျိုးစလုံးကို အမေရိကန်မှာ စတင်ရောင်းချသွားမှာပါ။ ကနေဒါ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ယူအေအီးနဲ့ ယူကေတို့မှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments