Android Wear 2.0 စမတ်နာရီဖြစ်တဲ့ Wear 24 ကို Verizon မိတ်ဆက်


Verzion က ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ Android Wear စမတ်နာရီဖြစ်တဲ့ Wear24 ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Wear24 မှာ အသစ်ဖြန့်ချိထားတဲ့ Android Wear 2.0 software ကို အသုံးပြုထားပါတယ်။ စက်ဝိုင်းပုံ ၁.၃၉ လက်မ display (480 x 480 resolution) ကို အသုံးပြုထားပြီး LTE, Wi-Fi နဲ့ NFC ချိတ်ဆက်မှုတွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် accelerometer နဲ့ heart rate sensor တို့ကိုလည်း ထည့်သွင်းထားပါတယ်။
Wear24 ကို မတ်လမှာ နှစ်နှစ်စာချုပ်တန်ဖိုး ဒေါ်လာ ၃၀၀ နဲ့ Verizon ပေါ်ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments